Tamed-Dashed
Part 4''ကိုကို! ပြေး... ''
''မဟုတ်ဘူး Sunny... !''
သူဟာ လာရာလမ်းကို ပြန်လှည့်တဲ့အခါ သေနတ်ကျည်ဆံတွေ ဝရုန်းသုန်းကားကြားက Ben က သူ့ကို ဒေါသတကြီး လာဆွဲတယ်။
''ရူးနေလား..?! Sunny က အလကား နေခဲ့တယ် ထင်လား! သူက MasterMind! သူ တောင့်ခံနိုင်တယ်! သတိကပ်စမ်းပါ H ! ! ''
သူတို့ဆီကိုလာနေတဲ့ ကျည်ဆံတွေရဲ့ အရှိန်နှုန်းဟာ လျော့သွားတယ်။ တခါတလေ လည်း မြန်လာပြန်တယ်။ Sunny က သူ့အစွမ်းကို သူ ကောင်းကောင်းထိန်းချုပ်နိုင်တဲ့အဆင့်မှာ မရှိသေးဘူး။ ဒါပေမဲ့ သူ တောင့်ခံနေတယ် ၊ကျန်တဲ့လူတွေ လွတ်မြောက်ဖို့။
Ethan နေရာကနေ မခွာနိုင်သေးဘူး။ Ben က စိတ်တိုနေတယ်။ သူ့ ဗိုက်ကို လက်သီးနဲ့ ခပ်ပြင်းပြင်းထိုးလိုက်လို့ သူ ဒူးတွေ ခွေကျသွားပေမဲ့ သူ မသွားနိုင်ဘူး။ Ben က သူ့ကို မရအရ တရွတ်ဆွဲနေတာတောင် သူမသွားနိုင်ဘူး။ သူ Sunny ကို မထားခဲ့နိုင်ဘူး။
''ကိုကို! ကျွန်တော့် ကို ချစ်ရင် ပြေးတော့... ကျွန်တော် လိုက်လာခဲ့မယ်...ခဏပဲ... ခုတော့ ပြေးတော့... မြန်မြန်..! နောက်လှည့်ကြည့်လို့ မဖြစ်ဘူး... လုံးဝ! ''
Sunny က သူ့ကို စိတ်ကနေ ဆက်သွယ်ပြီး လှမ်းပြောတယ်။ သူ မျက်ရည်တွေကြားက တောင့်ခံနေတဲ့ Sunny ကို လှမ်းကြည့်တယ်၊ တစ်ဖက်က မှောင်မိုက်နေတဲ့လမ်းကို ကြည့်တယ်။ ဟုတ်တယ် ၊ ပြေးရမယ်၊ လုံးဝ လှည့်မကြည့်ကြေး။
သူတို့ တောစပ်ရဲ့အလွန်ကို ရောက်ပြီ ၊ ကွယ်ရာ တခုကို ကွယ်ပြီး Sunny နဲ့ အခြားလူတွေကို စောင့်နေတယ်။ အပေါ်ကနေ ရဟတ်ယာဥ်တွေဟာ အစာနားကို ယင်လာအုံသလို မီးမောင်းတွေ ထိုးပြီး ဝိုင်းနေတယ်။
ရုတ်တရက် Ethan ရဲ့ မျက်နှာက ဖြူစုတ်သွားတယ်။ ပြီးတော့ မျက်ကြောင်တွေလို ဖြစ်သွားတော့တယ်။ Ben လက်ကို ဆွဲပြီး အဝေးပြေးလမ်းမအတိုင်း တောက်လျှောက်ပြေးတော့တာပဲ။ Ben က ဘာဖြစ်လို့ ရုတ်တရက်ကြီး ထပြေးရတာလဲ ဆိုတာကို မေးတယ်။ သူ့စိတ်ထဲမှာပဲ အဖြေက ရှိတယ်။
''ကိုကို...တောင်းပန်ပါတယ်၊ ကျွန်တော် မလာနိုင်တော့ဘူး... ပြေး...အဝေးဆုံးကို... အသက်ရှင်ပါ... သူတို့ဆီ လုံးဝ... လုံးဝ အမိခံလို့ မဖြစ်ဘူး... ''
YOU ARE READING
TAMED-DASHED
WerewolfCode Red: Warning: Case 'J-1511-W' is Missing! ! ! Written in Burmese.