Tamed Dashed
Ep 7အတိတ်ရဲ့ အိပ်မက်ဆိုး ~
"အကို မနေ့ညက ကျွန်တော် လမ်းတစ်လမ်း တွေ့ထားတယ် ၊ သွားလည်း သွားကြည့်ခဲ့ပြီးပြီ ၊ ကျွန်တော်တို့ ဒီည သွားရအောင် "
"Johny ငါတို့ မလုပ်ကြရအောင် ၊ ဒီအတိုင်းပဲ နေကြရအောင် ၊ ငါတို့ဘဝက ဒီအတိုင်းပဲလေ ၊ ထပ်ပြီး လုပ်ကြည့်မှ လူတွေထပ်ဆုံးရှုံးရရင် ဘယ်လိုလုပ်မလဲ ''
''ဟာ ...Heeseung Hyung ကလည်း မကြိုးစားကြည့်ဘဲနဲ့ ဘယ်သိနိုင်မှာလဲ ... ''
Johny က စိတ်အားထက်သန်နေသည်။ သို့သော် သူ 'HeeSeung' ကတော့ ထပ်ပြီး စွန့်စားရန် တွန့်ဆုတ်နေမိသည်။ ကျော့ကွင်း၌ မိ၍ လှောင်ချိုင့် ၌ အသားကျနေသော သားကောင်ပမာ သူသည် နောက်ထပ် ကျော့ကွင်းရှိရာကို သွားရန် ကြောက်ရွံ့မိလျက် လှောင်ချိုင့်ကိုသာ ဖက်တွယ်နေမိသည်။ မှန်သည် ၊ လီဟီဆွန်းသည် လွတ်မြောက်ရန် မစဉ်းစားထား၊ လွတ်မြောက်ဖို့ရန်လည်း စိတ်ကူးမရှိ၊ ဤဘဝကိုသာ ကျေကျေနပ်နပ် ခံယူထားသည်။
သို့သော် ထိုညက သူတို့ ခိုးထွက်ကြည့်ကြသည်။ သူတို့ လမ်းကြောင်းတစ်ခုကို တွေ့ထားပြီး ထိုလမ်းကြောင်းမှာလည်း အတားအဆီး၊ အစည်းအကြပ်လျော့ရဲသည်။ တစ်ပတ်လောက် အချိန်ယူ စနည်းနာလိုက်ပြီးနောက် ဤဂေဟာ၏ ပုံမှန် အချိန်ဇယားနှင့်အတူ လုပ်ရိုးလုပ်စဉ်တို့ကို သိပြီးသည့်နောက် သူတို့ အားလုံးတိုင်ပင်ကာ အစီအစဉ်တစ်ခု ဆွဲလိုက်ပြီး ထွက်ပြေးရန် ကြံစည်တော့သည်။
ဘာက ဘယ်လိုဖြစ်သွားလို့ သူတို့ အချိန်ယူကာ စီစဉ်ခဲ့သည့် အရာသည် အခုလိုမျိုး ပျက်စီးသွားရသည် မသိ။ သတိကို ခန္ဓာနှင့် ကပ်သည့် အချိန်တွင် သူတို့သည် အသက်လုကာ ထွက်ပြေးနေရသည်။
"Hyung... Jay Hyung !! "
"Johnny!!!! "
သူတို့အားသာချက်နှင့် စွမ်းရည်တွေကို သိသလောက် ဌာနချုပ်သည်လည်း သူတို့ကို ၎င်းတို့၏ အမိန့်ကို မလွန်ဆန်နိုင်ရန် ပြုလုပ်ထားသည့် လက်နက်တို့ ပြင်ဆင်ထားပေသည်။ ခံနိုင်ရည်အားကို မူတည်၍ လက်နက်၏ သက်ရောက်မှုက အနည်းနှင့် အများ ရှိသည်။
YOU ARE READING
TAMED-DASHED
WerewolfCode Red: Warning: Case 'J-1511-W' is Missing! ! ! Written in Burmese.