intro ~~

1.2K 70 2
                                    

>>>>>>>>
ယူဂျင်းဒီမြို့ကိုပြောင်းလာခဲ့တာ2နှစ်တောင်ပြည့်တော့မှာတဲ့လားအချိန်တွေကုန်တာမြန်လိုက်တာ
ယူဂျင်းအခုချိန်လေးကိုသိပ်သဘောကျပါတယ် လူတွေကျပ်တည်းနေတဲ့မြို့ကြီးတွေမှာမဟုတ်ဘဲလူနေနည်းတဲ့မြို့ငယ်တစ်ခုမှာသူသိပ်ကိုဝါသနာပါတဲ့ bakery ဆိုင်လေးဖွင့်ပြီးသဘာဝအလှတွေကိုတစ်ဝကြီးခံစားနေရတာမို့လေ...
ပင်လယ်နဲ့မနီးမဝေးလေးမှာရှိတဲ့ယူဂျင်းတို့မြို့ငယ်လေးဟာသိပ်ကိုအေးချမ်းလှပပါတယ်..

ပတ်ဝန်းကျင်ကလူတွေကလည်းယူဂျင်းကိုသိပ်ကိုခင်ပြီးချစ်ကြပါတယ် အဲ့ထဲကမှအကိုဟန်ဘင်းကိုသံယောဇဉ်အတွယ်ဆုံးပေါ့အကိုဟန်ဘင်းကအရမ်းကိုကြင်နာတက်ပြီးယူဂျင်းကိုလည်းတအားခင်တယ်လေ တစ်ခါတလေအကိုရယ်အဲ့လောက်ထိယူဂျင်းအပေါ်ကောင်းပေးပြီးဘာမှပြန်မလုပ်‌ပေးနိုင်တော့အားနာရတယ်ပြောတော့ယူဂျင်းကိုကူညီရရင်ကိုပျော်နေပါပြီတဲ့လေ....
ကျွန်တော်အကိုနဲ့‌တွေ့ရတာသိပ်ကိုကံကောင်းပါတယ် တစ်ခါတလေတွေးမိတယ်ကိုကိုသာ အကိုဟန်ဘင်းလိုတစ်ရက်လောက်ယူဂျင်းအပေါ်ကောင်းပေးရင်ကောင်းမှာပဲလို့လေ......

Alarm သံလေးမြည်လာပြီဆိုတော့ယူဂျင်းရဲ့တစ်နေ့တာအလုပ်လေးစတင်ရတော့မည်လေ
မနက်အစော စက်ဘီးလေးထုတ်ပြီးဆိုင်ထွက်ဖို့သွားရတော့မည်။ ယူဂျင်းတစ်နေ့သာမှာဒီအချိန်ကိုအကြိုက်ဆုံးပါပဲစက်ဘီးလေးနင်းပြီး မျက်နှာကိုတိုးဝှေ့လာတဲ့လေတွေနဲ့အတူသဘာဝအရသာကိုတစ်ဝကြီးခံစားရလို့လေ ။

ယူဂျင်းတို့ဆိုင်လေးကလူအများကြီးလာတယ်လို့တော့မရှိပေမယ့်သူဟာနဲ့သူလည်ပတ်နေသည်။ တစ်ချို့ကျောင်းသူလေးတွေဆိုယူဂျင်းကိုကြည့်ချင်လို့ဆိုင်မှာစာလုပ်ချင်ယောင်ဆောင်ပြီးလာလာထိုင်‌လေ့ရှိကြသည်ယူဂျင်းကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူမို့တစ်ချို့ကလေးဆိုးလေးတွေနဲ့ခင်တောင်ခင်နေပြီဖြစ်သည်။

"ဟိုင်းယူဂျင်း

"အကိုဟန်ဘင်းလာပြီလား ကျွန်တော်တစ်ယောက်တည်းရပါတယ်ဆိုနေလူလည်းအဲ့လောက်များတာမှမဟုတ်တာကို

"အကိုလည်းအားနေတာနဲ့လာခဲ့လိုက်တာယူဂျင်းတို့များနော်အကို့ကိုမြင်တိုင်းမောင်းထုတ်နေတာပဲ

𝐸𝑣𝑒𝑟𝑦 𝑀𝑜𝑚𝑒𝑛𝑡 𝑂𝑓 𝑦𝑜𝑢(Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now