Ep.3

530 51 0
                                    

"ဒီအချိန်ကြီးဘယ်သူပါလိမ့်

"ဟင်ကိုကို

"ယူဂျင်းကိုယ်ရဲ့ယူဂျင်းလေးဘယ်လောက်တောင်လွမ်းလိုက်ရလဲ အင်းကိုယ့်ရဲ့ကလေးလေး

ဂယူဘင်းယူဂျင်းပါးနှစ်ဖက်လုံးကိုဖိညှစ်ပြီးပြောလာသည်။

"ကိုကို ဘာလို့အများကြီးသောက်လာတာလဲ

"နည်းနည်းလေးပါယူဂျင်းလေးရဲ့လာပါဦးပေးဖက်ပါဦး

"ကိုကိုမူးနေပြီ

ယူဂျင်းဂယူဘင်းကိုအိပ်ယာပေါ်တင်ပြီးစောင်ခြုံပေးလိုက်သည်။

ယူဂျင်းထွက်သွားမည်အလုပ်

"မသွားပါနဲ့ယူဂျင်း ကိုယ့်နားကထွက်မသွားပါနဲ့

ဂယူဘင်းကယူဂျင်းလက်ကိုဆွဲထားသည်။ဂယူဘင်းဘေးမှာထိုင်လိုက်တော့ဂယူဘင်းကထလာပြီး လက်နှစ်ဖက်ဖြင့်မျက်နှာကိုကိုင်ပြီး

"ကိုယ်နားမှာပဲနေပေးပါနော်ယူဂျင်းထွက်မသွားပါနဲ့

ပြီးနောက်ယူဂျင်းကိုနမ်းလိုက်သည်။မူးနေပြီးအသိစိတ်မရှိတဲ့အချိန်မှာနမ်းလာတာမို့ယူဂျင်းမလိုချင်တာမလို့တွန်းထုတ်လိုက်ပါသည်။

"ကိုယ်မင်းကိုသိပ်ချစ်တာသိရဲ့လား
ဂယူဘင်းပြောပြီးနောက်အိပ်ပျော်သွားတော့သည်။

မူးနေလို့လျှောက်ပြောနေမှန်းယူဂျင်းသိပေမယ့်ယူဂျင်းယုံချင်မိသည်။

"အဟက် ဟန်ယူဂျင်းတော်တော်သနားစရာကောင်းတာပဲ ထပ်ရှုံးသွားပြန်ပြီပဲ

ယူဂျင်းကိုယ့်ကိုကိုယ်လှောင်လိုက်သည်။

မနက်မိုးလင်းတော့
ဂယူဘင်းနိုးလာခဲ့သည်။ မျက်လုံးများပွင့်တော့သူ့အိမ်မဟုတ်မှန်းသတိထားမိပြီးထကြည့်လိုက်တော့ယူဂျင်းအိမ်ဆိုတာသိလိုက်ရသည်။ ဘေးကိုကြည့်လိုက်တော့ ယူဂျင်းကကျောင်းသွားတော့မည်ဟန်

"ယူဂျင်း

"နိုးပြီလား

"ကိုယ်ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ

"ဘာမှမမှတ်မိဘူးလား

"အင်း

ယူဂျင်းစိတ်မကောင်းဖြစ်သွားပါသည်။ ညကကိစ္စကြောင့်သူတစ်ညလုံးအိပ်မရခဲ့တာကို သူကတော့ဘာမှသတိမရဘူးတဲ့လေ

𝐸𝑣𝑒𝑟𝑦 𝑀𝑜𝑚𝑒𝑛𝑡 𝑂𝑓 𝑦𝑜𝑢(Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now