ယူဂျင်းနိုးလာတော့ကျောင်းသွားရင်ကောင်းမလားမသွားရင်ကောင်းမလားစဉ်းစားနေပါတယ်မသွားရင်လည်းစာတွေပျက်မှာဆိုးတာမို့ကင်မ်ဂယူဘင်းကိုမတွေ့အောင်ရှောင်ဖို့ပဲစိတ်ကူးလိုက်တော့တယ်
ယူဂျင်းတစ်ယောက်ကျောင်းအပေါက်မှာခိုးကြောင်ခိုးဝှက်နဲ့ဝင်လာတုန်း
"ဟိုင်းယူဂျင်း လာပြီလား
မတွေ့အောင်ရှောင်မယ်ဆိုမှပဲကျောင်းအပေါက်မှာတင်လာတိုးရတယ်လို့ကြည့်ရတာကံတရားကယူဂျင်းဘက်မှာရှိတဲ့ပုံမပေါ်ဘူးထင်ပါတယ်
"အမ် အွန်း
ယူဂျင်းရှောင်လို့မရတော့အတက်နိုင်ဆုံးပုံမပျက်အောင်နေဖို့သာစဉ်းစားလိုက်တော့တယ်
"မနက်ဖြန်ပိတ်ရက်အားလား
"ဘာလို့လဲ
"ကိုယ်နဲ့တစ်နေရာလိုက်ခဲ့လို့ရမလားဟင်
"ကျွန်တော်ကဘာလို့?
"လုပ်ပါယူဂျင်းနီးကလဲ နော်နော်
မျက်တောင်ကိုကလပ်ကလပ်လုပ်ပြီးအတင်းချစ်ဖို့ကောင်းအောင်လုပ်ပြီးတောင်ဆိုနေလေရဲ့
"လုပ်ပါ
"ကျွန်တော့်ကိုဘာလို့ခေါ်တာလဲ အကို့သူငယ်ချင်းတွေကိုခေါ်သွားလေ
"ကိုယ်ကယူဂျင်းနီးနဲ့ပဲသွားချင်တဲ့ဟာကို လုပ်ပါနော်နော်
လက်မခံမချင်းနောက်ကတစ်ကောက်ကောက်လိုက်မယ့်ပုံမလို့ယူဂျင်းလက်ခံလိုက်တော့သည်။"ပြီးရောပြီးရော ပြီးတော့အဲ့လိုပုံကြီးထပ်မလုပ်နဲ့နည်း"လေးမှချစ်ဖို့ကောင်းမနေဘူး
"မနည်းကြိုးစားထားရတဲ့ဟာကိုစိတ်မကောင်းဖြစ်သွားပြီ
"တကယ်ထူးဆန်းတဲ့သူပဲ
"ဘယ်အချိန်လဲ
"ကိုယ်မင်းကိုအချိန်ပို့လိုက်မယ် မင်းအိမ်ကနေပဲစောင့်နေကိုယ်လာခေါ်မယ်
"ပြီးတာပဲ
"ဒါဆိုကိုယ်သွားပြီနော်
"နေဦး ဖုန်းနံပါတ်မသိပဲဘယ်ကပို့မှာလဲ
YOU ARE READING
𝐸𝑣𝑒𝑟𝑦 𝑀𝑜𝑚𝑒𝑛𝑡 𝑂𝑓 𝑦𝑜𝑢(Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအချစ်ကဘာလဲလို့မေးရင်ယူဂျင်းအတွက်ကတော့ဘာမှပြောစရာမရှိပဲနာကျင်ရတဲ့အရာပါပဲ နာကျင်ရမှန်းသိတာတောင်ချစ်ခဲ့တာလည်းယူဂျင်းကိုယ်တိုင်ပဲမလား.....