အပိုင်း3

2.3K 92 3
                                    

ကိုကိုနဲ့အတူတူ နေရတာ တစ်လကြာပြီဖြစ်၍ အရိပ်အခြေ တော်တော် နားလည်နေပြီဖြစ်၏။ တစ်ခြားသူတွေက ပထမတစ်ကြိမ်ဆိုလျှင် စကားနဲ့သာ သတိပေးတတ်သော်လည်း ကိုကိုက ထိုသို့ မဟုတ်ပေ။ ပထမတစ်ကြိမ်မှာပင် ဆုံးမစကားတွေ အများကြီးပြောပြီး နောက်မဖြစ်စေရန် သတိပေးသည့်အပြင် တုတ် နဲ့မိတ်ဆက်ရတာဖြစ်ဖြစ် ဒူးထောက် လက်မြှောက်တာဖြစ်ဖြစ် ပါတတ်သေး၏။

ယခုလဲ ငယ်စာရေးနေသောလက်တို့တုန်နေပြီဖြစ်၏။ကိုကို့ဆီတွင် bioအလွတ်ဆိုပြီးချရေးနေသည်အထိ အဆင်ပြေသေးသည်။သို့သော်ကိုကို
ငယ့်အိတ်ထဲကအိမ်စာလုပ်ခိုင်းထားသော သင်္ချာ စာအုပ်ကို ယူစစ်နေရာ မျက်ခုံးများတွန့်ချိုးနေပြီဖြစ်၍ ငယ်လန့်နေမိသည်။စာရေးရင်း ကိုကို့ဆီပြန်ခိုးကြည့်မိချိန် ကိုကိုနှင့် အကြည့်ဆုံသွား၍ ခေါင်းငုံ့ချကာ တုန်နေသောလက်နဲ့သာစာဆက်ရေးနေရ၏။

"တုနှိုင်းငယ်!"

"ဗျ ဗျာ ကိုကို"

ငယ်လဲ ကိုကို့အော်သံကို ကြားလိုက်ရ၍ ဘောပင်ကိုချကာ အမြန်ထရပ်၍ တုန်နေသာလက်ကို တင်းတင်းပိုက်ထားမိ၏။

"သင်္ချာတွေ ပြီးစလွယ်တွက်လာပါလား။ အဆင့်တစ်ဆင့်စီတိုင်း သေချာတွက်ရမယ် ကိုယ် မပြောဘူးလား။"

ငယ် ကိုကိုပေးလိုက်သော အိမ်စာကိုတစ်ခါမလုပ်မိ၍ ရိုက်ခံထိခဲ့၍ အိမ်စာများကို မလုပ်ပဲမနေရဲပါ။ သို့သော် ပြီးချင်စိတ်ဖြင့် အမြန်တွက်မိသည်မှာ အမှန်ပင်။

"ဟို သား အိမ်စာတွေ အကုန်အမှီ မပြီးမှာစိုးလို့ပါ ကိုကို"

"အဲ့တော့ ခုမင်းဘယ်နှစ်ပုဒ် မှန်တယ်ထင်လဲ။အိမ်စာပေးရင် ကိုယ်အမြဲတမ်း ထိုက်သင့်သလောက်ကိုပဲ ပေးတာ
တုနှိုင်းငယ်။ "

ကိုကိုက အိမ်စာကိုမနည်းမများ ပေးတတ်ပြီး ငယ့်စာလုပ်ချိန်ကိုလဲ သေချာ စီမံပေး၏။ နားသင့်ချိန်တွင် နားရပြီး အိပ်ချိန်မှန် အောင်ပါ လုပ်ပေး၏။ငယ်က ပိုအနားယူချင်၍သာ အမြန်လုပ်မိခြင်းပေ။ဒါ့ကြောင့် ငယ်ထပ်ဆင်ခြေမပေးရဲတော့ပေ။‌ေခါင်းငုံ၍သာ အတွင်းနှုတ်ခမ်းသားများကို သွားထိပ်ဖြင့် ငယ်တတိတိကိုက်နေမိ၏။

ငယ့်ရဲ့လမ်းပြကြယ်Where stories live. Discover now