အပိုင်း2

2.3K 70 5
                                    

အခန်းဆီအမြန်ရောက်ချင်မှ ခြေထောက်ကအရမ်းနာနေ၍ ပိုကြာနေသလိုပင်။ကိုကို မနေ့ကကျက်ခိုင်းထားတဲ့ Bioကခုထိမရသေးပေ။
ကိုကိုမလာခင် အမြန်ကျက်ရန်သာ လုပ်ရတော့၏။မနေ့ကတည်းက ဂိမ်းမဆော့ပဲ စာလုပ်ခဲ့ရမှာကို။တုနှိုင်းငယ် ထပ်အရိုက်မခံချင်တော့ပါ စာအုပ်အမြန်ထုတ်၍ မှီသလောက်ကျက်ရတော့၏။

‌ ငယ်ထွက်သွားထဲက စာအုပ်ဖတ်နေလိုက်ကာ တစ်နာရီလောက်အကြာတွင်မှ ဂုဏ်မင်းရှိန်လဲ ကောင်လေးအခန်းကို လိုက်သွားဖို့ ပြင်လိုက်တော့၏။ ဒဏ်ကြေလိမ်းဆေးဘူးလေး အပါယူသွားရပေမည်။ထို‌ကောင်လေးက နာနေလဲ ‌ဆေးလိမ်းမှာ မဟုတ်ပေ။ငယ့်အခန်းရှေ့ရောက်လို့ တံခါးခေါက်လိုက်ချိန် တံခါးလာဖွင့်ပေးသော ကောင်လေးက ကိုယ့်စကားဆို အရေးကို
မလုပ်ပေ။

တံခါးလက်ကိုင် ကိုင်ထားသောကောင်လေးနားသွား၍ အင်္ကျီထဲလက်ထည့်၍ ဗိုက်ခေါက်ကို ဆွဲလိမ်ပစ်လိုက်၏။မျက်လုံးဝိုင်းဝိုင်းလေးတွေမှ မျက်ရည်လေးတွေဝေ့လာသော ကောင်လေးက လက်က‌လေးအမြန်ပိုက်၍ ခေါင်းလေးလဲ ငုံ့သွား၏။ငုံ့ထားတဲ့ မျက်ဝန်းလေးတွေက သူဘာအမှားလုပ်မိလဲ စဉ်းစားရကြပ်‌‌ေနပုံပင်။ကိုယ်က သူအမှားရှိလို့ လုပ်မှန်းတော့သိသည်ထင် ဘာလို့လဲတော့ မေးမလာချေ။

"စာကြည့်ခန်းထဲက မထွက်ခင်က ကိုယ်ဘာပြောလိုက်လဲ တုနှိုင်းငယ် ခုထိရေမချိုးသေးဘဲ ဘာလုပ်နေတာလဲ ဟမ်"

ကိုကိုက‌ ပြောနေရင်း ငယ့်မရှိတဲ့ဗိုက်သားလေးကို အပေါ်လိမ်ဆွဲလိုက်တာမို့ ခြေဖျားလေးပါ ထောက်မိတော့၏။ စာမရသေးတာကို တွေးရင်းအသည်းအသန်ကျက်မိရာ ရေချိုးခိုင်းလိုက်တာကို ငယ်ဘယ်လိုမေ့သွားမှန်းမသိပေ။ မျက်ရည်တွေလဲ အဆက်မပြတ်ကျကုန်တော့၏။

"ဟိုကိုကို သားမေ့သွားလို့ပါ ဟင့် အရမ်းနာ ...နေပြီ။"

ခေါင်းလေးငုံ့လျက်သားနဲ့ ပြန်ဖြေလာသော ကောင်လေးရဲ့ မျက်ရည်တွေက ကိုယ့်လက်ပေါ်မှာပါ နေရာယူလာတော့မှ ဒေါသဖြစ်၍ အသာကုန်ဆွဲထားသော ဗိုက်သားကို လွှတ်ပေးလိုက်‌ေတာ့၏။

"ခုရေသွားချိုး ၊ကိုယ်စောင့်နေမယ် ၁၅မိနစ်အတွင်း အပြီးလုပ်ပြီးထွက်ခဲ့မယ်"

ငယ့်ရဲ့လမ်းပြကြယ်Where stories live. Discover now