အပိုင်း4

1.7K 67 4
                                    

       တုနှိုင်းငယ် ခုချိန်တွင် ကိုကိုနဲ့ တူ‌‌တူနေရတာကို အရမ်း‌ပျော်နေတော့၏။အစပိုင်းတွင် မနေချင်လောက်အာင် ဖြစ်ခဲ့သော်လည်း ငယ့်ရဲ့ကိုကို မှန်းသိလိုက်ရချိန်တွင် အရာအားလုံးအဆင်ပြေသွားတော့၏။ မှတ်မိပြီးနောက်တစ်နေ့တွင်တော့ ကိုကို့ဆီက မမှတ်မိရကောင်းလားဆို၍ ခေါင်းတစ်ချက်ထုခံလိုက်ရ၏။ စာသင်ချိန်လောက်သာ ကိုကို့နားနေရဲခဲ့သော်လည်း ထိုနေ့မှစ၍ ကိုကိုနား ပိုသိသာသာ ကပ်မိတော့၏။

     ကျောင်းပိတ်ရက်တွေ ကုန်ဆုံးပြီး ကျောင်းတွေ ပြန်ဖွင့်တော့မည် ဖြစ်၏။ ကိုကိုရဲ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရမည် ဖြစ်၍ စိတ်လှုပ်ရှားနေမိတာအမှန်ပင်။အရင်က ကျောင်းတွင် ပြန်တက်ချင် တက်လို့ရကြောင်း ကိုကို ပြောသော်လည်း ကိုကို့အိမ်နဲ့ဝေးသည့်ကြောင့် မတက်ဖို့ ဆုံးဖြတ်မိ၏။ငယ့်ရဲ့သူငယ်ချင်းတွေနဲ့က‌တော့ လိုင်းပေါ်တွင် အမြဲအဆက်အသွယ်မပြတ်ပေ။

    ဒီနေ့ ကိုကိုက စာရေးကိရိယာတွေ လိုက်ဝယ်ပေးမည် ပြောထား၍ ငယ်တစ်ယောက် မိုးလင်းထဲက တက်ကြွနေပေတော့သည်။ငယ် အပြင်မထွက်ရသည်မှာ နှစ်လ နီးပါးပင် ရှိ၏။

"ငယ် ဒီနေ့ ကိုကို ထက်တောင် စောနေပါလား ။ကိုယ်လည်း နောက်ကျမနေပါဘူး ငယ်"

"ငယ် စောစောနိုးနေလို့ပါကိုကို "

"အင်း မနက်စာ စားပြီး ကိုယ်သင်တာတွေပြန်ကြည့်ထားမယ်နော်"

"ဟုတ် ဟို အပြင်သွားမယ်ဆိုတာက ......"

" ခုအစောကြီး ရှိသေးတယ်လေ ၉နာရီ ရေမိုးချိုးပြီး ၉နာရီခွဲရင် သွားရမယ် ကြားလား"

"ဟုတ် ဟုတ် ကိုကို"

     ငယ် ကိုကို့ ကိုသာ ဟုတ်ကဲ့ လုပ်လိုက်ရသော်လည်းငယ်ခုချိန် စာမကြည့်ချင်ပေ။ကြည့်ရင်လည်းရမည်မဟုတ်ပေ။ ငယ် ကိုကိုနဲ့ အပြင်ထွက်ရမည်ကိုသာ စိတ်ဝင်စားနေ၏။ သို့သော် ကိုကို့ ကိုကြောက်၍ စာလုပ်စားပွဲတွင် ထိုင်နေရ၏။ တခါတလေ ကိုကို က ရှောင်တခင် လာစစ်တတ်သေး၍ ငယ်ဗိုက်ခါက်ဆွဲခံရတာ မနည်းလှပေ။ငယ့်အခန်းတွင် အိမ်စာ‌ေတွ လုပ်ရချိန်တွင် အိပ်ယာပေါ်သွားလုပ်လျှင် 5မိနစ်လောက်နေရင် ဘယ်လိုအိပ်ပျော်သွားလဲ ငယ်မသိပေ။ ကိုကို မသိခင်က ကိစ္စ မရှိပေမဲ့ တစ်ခါက ကိုကို ငယ့်အခန်းဝင်လာချိန် စာအုပ် မျက်နှာပေါ်တင်ပြီး အိပ်မောကျနေ၍ အဆူခံလိုက်ရပြီး စာလုပ်စားပွဲတွင်သာ လုပ်ရမည်ဟု အမိန့်ထုတ်ထား၍ မလုပ်ချင်လည်း ထိုင်နေရ၏။ အယောင်ပြ စာအုပ်လဲ ထုတ်ထားရသေး၏။ ဟိုတွေး ဒီတွေးဖြင့် ၉နာရီ ထိုးခါနီးဖြစ်သွား၍ ရေချိုးခန်းထဲ အမြန်ဝင်ကာ သီချင်းလေး တညည်းညည်း ဖြစ်သာ ရေချိုးလိုက်တော့၏။

       ငယ် အားလုံးပြင်ဆင်ပြီး၍ အောက်ဆင်းသွားချိန် ဧည့်ခန်းထဲတွင် စာအုပ်တစ်အုပ်နှင့် ထိုင်နေသာ ကိုကိုက မျက်စိလွှဲရက်စရာမရှိအောင်ပင်။ကိုကိုက မနာလိုစရာကောင်းအောင် အကုန်ပြည့်စုံသူတစ်ယောက်ပင် ဖြစ်၏။
"ငယ် ပြီးပြီလား ။ပြီးရင် သွားကြမယ် ကားပေါ်တက်နှင့် ကိုကို နောက်ကလိုက်ခဲ့မယ်။"

"ဗျာ ဟုတ် ကိုကို "

ဂုဏ်တစ်ယောက် ဘဘဝင်းအား အပြင်သွားမည့် အကြောင်းနှင့် မှာစရာရှိတာတွေ မှာပြီး ပြန်လာချိန်ထိ ငယ်ကကားပေါ် မတက်ရသေးပေ။

" ငယ် ကားပေါ်မတက်သေးဘဲ ဘာလုပ်‌ နေတာလဲ"

"ဟို ဘယ်ကို တက်ရမလဲ မသိလို့"
"ရှေ့ကိုလာလေ "

"ဟုတ် ကိုကို ဟီး...း"

"ခါးပတ် ပတ်ထားမယ်‌နော် ငယ်"

"ဟုတ်"
       ပုံမှန်အရှိန်လေးဖြင့် မောင်းနှင်နေ‌ေသာ ကား‌လေးတစ်စီးပေါ်တွင် ငယ်ကတော့ ကားမှန်နဲ့ ခေါင်းနဲ့တိုက်နေပြီဖြစ်၏။ဂုဏ်တစ်ယောက် ငယ်ဖြစ်နေတဲ့ ပုံကိုကြည့်ပြီး မပြုံးပဲမနေနိုင်တော့ပေ။ မျက်လုံးဝိုင်းလေး‌တွေကြောင့် ငယ်ကချစ်ဖို့ကောင်းတယ်ဟု ဂုဏ်ထင်ခဲ့မိ၏။ထိုသို့မဟုတ်ခဲ့ပေ မျက်လုံးလေး‌ေတွ ပိတ်ထားသော်ငြား ပါး‌အိအိ‌လေးနှစ်ဖက် နှာလုံးလုံးလေး နှင့်ငယ်က ဂုဏ့်အတွက် တကယ့်ချစ်မဝဖြစ်စရာလေးပင်။ဂုဏ် အနား ငယ်သိသိသာသာ ကပ်လာ‌ပေမဲ့ အများကြီး အရောမဝင်နိုင်‌သေးပေ။ အလိုလိုက်ခံရတဲ့ကလေးတွေက ဆိုးလာတတ်ပေသည်။ငယ့် ကိုတော့ ထိုသို့ အဖြစ်မခံနိုင်ပေ။စည်းကမ်းတကျ နေထိုင်ပြီး ကောင်းမွန်သော ဘဝလေး ပိုင်ဆိုင်အောင်တည့်မတ်ပေးရပေမည်။ငယ့်အသက် ၁၈ နှစ် မပြည့်မချင်းလဲဂုဏ်ငယ့်အပေါ်ထားရှိသည့် စိတ်ထားတွေကို ဖွင့်ဟဖို့ စိတ်ကူးမရှိသေးပေ။ခုချိန် ငယ့်အတွက် လမ်းပြကြယ် အဖြစ်သာ အကောင်းဆုံး လုပ်ဆောင်ပေးမည်ဟု ဂုဏ်ဆုံးဖြတ်ထား၏။ ငယ့်ရဲ့ အမြဲတမ်း ထာဝရ လမ်းပြကြယ် လည်း ဖြစ်ချင်မိသည်။ ထိုသည်ကတော့ ကိုယ်ဖွင့်ပြောတဲ့ တစ်နေ့ ငယ့်ရဲ့ ဆုံးဖြတ်ချက်၌သာ မူတည်ပေလိမ့်မည်။

--------------------------------------------------------------

မရေးဖြစ်တာကြာသွားလို့  အားနာရပါတယ်။
နောက်ပိုင်းလေးကို 20ရက်နေ့မှာတင်ပေးပါမယ်ရှင့် ။ နောက်ပိုင်းလေးက ငယ် မုန့်တွေ အများကြီး စားရသလို တုတ်စာလေးပါ ရမှာပါ။🫢

ငယ့်ရဲ့လမ်းပြကြယ်Where stories live. Discover now