Part-3

1.1K 124 5
                                    

xiuဆွဲခေါ်ရာနောက် တောက်လျှောက်ပါလာခဲ့တာ

ရောက်ပြီဆိုလို့မော့ကြည့်မိတော့…

" Exodus Club "

ဒါလား~ သူတို့ရဲ့ 1st Date

ဒါတွေအရေးမကြီးပါဘူး

luhanအတွက်အရေးကြီးတာက သူပြောခဲ့တဲ့အတိုင်း xiuအတွက် ချစ်သူလုပ်ပေးဖို့သာ

ရောင်စုံမီးတလက်လက်အောက် ဆူဆူညံညံစည်းချက်တွေနှင့် စိတ်လွတ်လက်လွတ်ကခုန်နေသူများကြား luhan တိုးဝှေ့နေရတာ ငရဲတစ်ခုလိုပင်

သူ့လက်ကိုဆွဲကာ လူအုပ်ကြားအတင်းတိုးဝင်နေသော ချစ်လှစွာသော သူငယ်ချင်းမလေး…

လက်ရှိ ချစ်သူတဖြစ်လဲ xiuကတော့ နတ်ပြည်ရောက်နေသလိုပင်

luhan လည်ပင်းကို လက်နှစ်ဖက်နဲ့ ယှက်သိုင်းရင်း ခန္ဓာကိုယ်ကို လိမ်တွန့်နေတာက စည်းချက်နဲ့အညီ ~

luhanတွေးမိတယ် သူ xiuကို ကူညီပေးနေတာလား လမ်းမှားရောက်အောင် တွန်းပို့နေတာလားလို့ပေါ့

သူ မြတ်နိုးတဲ့ မိန်းကလေးကိုတော့ ဒီလိုနေရာ ဒီလိုအခြေအနေမျိုးနဲ့ မတွေ့ချင်မိတာအမှန်ပင်

xiuက……သူမြတ်နိုးတဲ့သူမဟုတ်ပေမယ့် သူချစ်ခင်ကြင်နာရတဲ့ အချစ်ဆုံးသူငယ်ချင်းလေ

သူမ မှားနေရင် လမ်းပြပြုပြင်ပေးရမှာပေါ့

lu: xiu……ငါတို့ပြန်ရအောင်

ဒီမှာကြာကြာနေဖို့မသင့်ဘူးး

ဆူညံနေတဲ့ အသံတွေကို မနည်းထိုးဖောက်ပြီး xiuကို ပြောလိုက်တယ်

xiu…… ပိုနီးသထက်နီးအောင် luhan ဂုတ်ကိုဆွဲချရင်း အနားနားကပ်ပြီး ပြန်ပြောလိုက်တယ်

xiu: နင့်နောက်ကျောဘက်ကို လှည့်ကြည့်လိုက်

luhan ယောင်နန နဲ့လှည့်ကြည့်မိတော့ ရင်ဆိုငိလိုက်ရတာက စူးရှတဲ့ မျက်ဝန်းတစ်စုံ

lu: Oh sehun!

မလှမ်းမကမ်းက ဆိုဖာပေါ်မှာ ပေါင်ပေါ် ကောင်မလေးတစ်ယောက်ကို တင်ပြီး အရက်ခွက်ကိုကိုင်ကာ သူတို့ကို အကြည့်စူးစူးနဲ့ လှမ်းကြည့်နေတဲ့ xiuရဲ့ playboyကြီးး

KING OR QUEENTempat cerita menjadi hidup. Temukan sekarang