အပိုင်း ( ၁ )

270 9 0
                                    

    ခမ်းနားကြီးကျယ်လှသော ချန်စံအိမ်ကြီးအတွင်းမှာ အော်သံတွေနဲ့ပြည့်နက်နေပြီး သွေးအေးရက်စက်စွာ ထိုင်ကြည့်နေသူမှာ ချန်သခင် ဖြစ်တယ်။

  " သခင်....သခင်လေး.....အသက်ကိုချမ်းသာပေးပါ.......ခိုင်းတာဘာမဆိုလုပ်ပေးပါ့မယ်"

 " ကျုပ်က ကတိမတည်တဲ့ကောင်ဆို အရမ်းကို သတ်ချင်တာ !!! "

ချန်သခင်လည်း ဓါးကိုဆွဲကိုင်ကာ ထိုလူကို တုန့်ဆိုင်းခြင်းမရှိဘဲ ခုတ်လိုက်လေတယ်။  

  " သခင်ကြီး ဒီလူကိုဘာလုပ်လိုက်ရမလဲ "

 " သူ့အလောင်း သူ့အိမ်ပြန်ပို့လိုက် ! ဘယ်သူမှ မသိစေနဲ့ "

အဲ့ဒီလိုချန်သခင်ရဲ့သက်ညှာမှုမရှိရက်စက်ကြမ်းကြုတ်တာတွေကြောင့်မြို့တော်ကလူတွေဟာ ချန်သခင်ဆိုရင် ဖေ့ဖေ့တုန်အောင်ကြောက်ကြတယ်။ ချန်သခင်နဲ့ပတ်သက်ပြီးကောလဟာလတွေထွက်လေ့ရှိတယ်။ အဲ့ဒီထဲမှာအဆိုးဆုံးက ချန်သခင်ဟာညတိုင်းညည့်ဖော်နဲ့တစ်ညတာဖြတ်သန်းလေ့ရှိတယ်ဆိုတာပါ။

   *နန်းတွင်းအရာရှိများ၏အစည်းအဝေးတွင်* 

 "အခုဆွေးနွေးမှာကတော့ ဘဏ္ဏာငွေအလွဲသုံးစားမှုဖြစ်ပါတယ်" 

အတွင်းဝန်မင်းရဲ့ကြေညာချက်ကြောင့်ခန်းမထဲကအရာရှိတွေအချင်းချင်းစကားသံတွေထွက်လာကြရာ

တစ်ခန်းလုံးဆူညံသွားတယ်။အဲ့ဒီအခါမှ " တိတ်တိတ်နေပေးကြပါ၊ ဒီအမှုကအတော်ကြီးလေးတာမို့လို့

သံသယရှိသူအားလုံးကို စစ်ဆေးရေးအဖွဲ့က သက်သေ ရှာဖွေသွားမှာဖြစ်ပါတယ်။"

အမှုရဲ့တရားခံကတော့ နန်းတွင်းအရာရှိတွေထဲက ရာထူးအမြင့်ဆုံးနဲ့ချန်သခင်ရဲ့အဖေအမတ်ချုပ်ကြီးပါ။

အမတ်ချုပ်ချန်ကွမ်းဟာမျိုးရိုးစဉ်ဆက်အရရာထူးဆက်ခံခဲ့ပြီး ဘုရင်ဘေးနားမှာကပ်ကာ အမြတ်ကြီးစား

နေတဲ့လူပါ။  အမတ်ချုပ်ချန်ဟာအချိန်မှီသူ့လူတွေကိုသက်သေဖျောက်ဖျက်ခိုင်းလိုက်တယ် ၊ တရားခံ

မပေါ်ရင်အမတ်တွေသံသယဝင်သွားမှာစိုးတဲ့အတွက် ဘာလုပ်ပိုင်ခွင့်မှမရှိတဲ့ ဘဏ္ဏာထိန်းသိမ်းရေးအမတ်

သခင့်အလိုတော်Where stories live. Discover now