*Special Episode*

60 4 0
                                    

A/N : ဒီအပိုင်းကအထူးပိုင်းလေးဖြစ်တာမို့စာရှည်ပါမယ်ရှင့်။voteပေးခဲ့ကြသူများကိုလည်းအထူးကျေးဇူးတင်ရှိပါသည်။

................................................................................................................................

ချန်သခင်၏အိမ်တော်ဝန်းအတွင်းလှပသေသပ်လှသည့်အပြင်အဆင်များနှင့်တက်ရောက်လာကြသောဧည့်သည်များကိုဧည့်ခံကျွေးမွေးကြသည်၊ထိုနေ့သည်ကားတစ်သက်မှာတစ်ခါကြုံတွေ့ခဲ့ရသောထိန်းမြားလက်ထပ်ခဲ့သည့်နေတစ်ကျော့ပြန်ရောက်ကာမဂ်လာနှစ်ပတ်လည်နေ့ဖြစ်၏။တက်ရောက်လာကြသည့်ဧည့်သည်များထဲတွင်လည်းသူဌေးသူကြွယ်အထက်တန်းလွှာအသိုင်းအဝိုင်းအသီးသီးမှဖြစ်ကြသည်။

"ဂုဏ်ယူပါတယ်သခင်ချန်...တစ်ခွက်လောက်လက်ခံပေးပါ..."

"ကောင်းပါပြီ"

.................

"သခင်ချန်...ခင်ဗျားရဲ့အမျိုးသားလေးရောမတွေ့ပါလား.."

*ချန်သခင်ချောင်းတစ်ချက်ဟန့်လိုက်ကာအနည်းငယ်မျက်ခုံးပင့်လိုက်သည်*

"အားမင်က...ပြင်ဆင်စရာလေးတွေရှိတုန်းမို့လို့ပါ..လာမှာပါ.."

ပွဲစကသည်မှာဆယ်မိနစ်လောက်ပင်ရှိအုံးမည်။မဂ်လာပွဲနေ့ကအားမင်၏သဘောဆန္ဒအရအကျဉ်းချုံးကျင်းပခဲ့ခြင်းပင်၊ယခုမှသာဟွေ့မင်သည်ချန်သခင်၏တစ်ဦးတည်းသောပိုင်ဆိုင်သူဖြစ်ကြောင်းတလောကလုံးကိုကြေညာမည်ဖြစ်သည်။သို့သော်သူသိပ်ချစ်ရပါသောအမျိုးသားငယ်သည်အခုထိထွက်မလာသေးပင်၊ပုံမှန်မဟုတ်သည့်အိမ်ထောင်ရေးဖြစ်တာကြောင့်ပဲအများအမြင်မှာတော့ကဲ့ရဲ့စရာဖြစ်ခဲ့မည်ဟုဟွေ့မင်ထင်ခဲ့၏၊

သို့သော်ချန်သခင်၏အရှိန်အဝါကြောင့်ရှေ့တည့်မှာရောနောက်ကွယ်မှာရောဘာမှမပြောရဲ့ကြချေ၊အဓိကအကြောင်းအရင်းကတော့ချန်သခင်၏ဓါးဟာပြောတဲ့သူပါးစပ်ထဲအချောင်းလိုက်ထိုးဝင်သွားမှာစိုးခြင်းဖြစ်၏။

ကုန်ဆုံးခဲ့သည်တစ်နှစ်တာကာလအတွင်းချန်သခင်မှာတော်တော့ကိုပြောင်းလဲသွားပြီဖြစ်သည်။အရင်လိုစကားကိုယတိပြတ်ပြောသည်မှလွဲ၍ဓါးတရမ်းရမ်းဖြင့်လျှောက်သွားတတ်သည့်အကျင့်၊ရက်စက်ကြမ်းကြုတ်လူသတ်စရာကိစ္စများကိုလည်းမလုပ်တော့ပေ..ယခုခန့်ညားတည်ကြည်စွာပြေပြေလည်လည်လူအများနဲ့ဆက်ဆံတတ်လာပြီးအသိမိတ်ဆွေလည်းပေါများလာလေသည်

သခင့်အလိုတော်Tahanan ng mga kuwento. Tumuklas ngayon