*Extra အပိုင်း*

69 6 0
                                    

Note : Extraကတော့ထွေထွေထူးထူးမဟုတ်ပါဘူး Wedding Night ကိုရေးတာပါဆင့်!!

ချစ်သူနှစ်ဦးအချစ်များစတင်ရာဝယ် ဘယ်သူမှမခွဲနိုင်ချေ ။ 

*ချန်အိမ်တော်အတွင်းနီမြန်းလှပသောအဆင်တန်ဆာများဝေဆာလို့နေသည်*

လီအိမ်တော်ထိန်း၏အလျင်လိုမှုကြောင့်အော်ငေါက်သံများလည်းကြားရသည်

"!!ဟဲ့.ဟဲ့..ပန်းတွေမြန်မြန်ဆင်ကြလေ..!!ဟိုမိန်းကလေး!!!သတို့သားဆောင်ကိုမြန်မြန်လုပ်လို့ပြောလိုက်!!..ဟိုလူ!!သခင်လေးပြင်ဆင်လို့ပြီးပြီလားသွားမေးလိုက်ပါအုံး!!"

ဒီနေ့ကတော်တော်စည်ကားသည်နေ့ပါပင်...တစ်သက်မှာတစ်ခါသာကြုံကြရလေသောထိန်းမြားလက်ထပ်ပွဲပင်.....

ချန်သခင်ရဲ့အပျော်ဆုံးနေ့ဆိုသည်မှာလည်းဟုတ်သည်၊ပိုင်ဆိုင်ပြီးသားဆိုပေမဲ့တစ်လောကလုံးအားထိုသူဟာမိမိအပိုင်ပါလို့ကြေညာလိုက်ခြင်းပင်

သတို့သမီးမဟုတ်၊သတို့သားနှစ်ယောက်ဖြစ်သောကြောင့်ဘိသိက်သွန်းသည့်ဆရာမှာအခက်တွေ့လေသည်

သို့ပေမဲ့ ချန်သခင်ရဲ့အမိန့်အရဟွေ့မင်လေးကိုသတို့သမီးတို့ဝတ်ဆင်သောဝတ်စုံလေးနှင့်ခေါင်းအုပ်ပုဝါနီလေးဆင်မြန်းထားလေသည်

လင်လင်နှစ်ယောက်မိုးမြေကန်တော့ပြီးနောက်မင်ဂလာပွဲပြီးစီးသွားလေသည်

ထို့နောက်ဟွေ့မင်အတွက်မေ့မရနိုင်သောညတစ်ညကိုရောက်လို့လာလေသည်

မင်ဂလာအိပ်ခန်းတွင်ထုံးတမ်းဓလေ့အရသတို့သမီးကသတို့သားဧည့်ခံပြီးအလာကိုစောင့်နေရလေသည်၊သတို့သားလာလျှင်ခေါင်းပေါ်ကပုဝါနီအားဖယ်ပြီးအိပ်တန်းတက်ကြပေမည်

*~ကျွီ~*       *တံကားဖွင့်သံ*

ချန်သခင်ဧည့်သည်များကိုဧည့်ခံပြီးနောက်ခပ်မြန်မြန်ပြန်လွှတ်လိုက်လေသည်

အခန်းတံခါးကိုကလန့်ထိုးပြီးနောက်ခြေသံမှန်မှန်နှင့်ဟွေ့မင်ဆီလျှောက်လာလေသည်

ဟွေ့မင် ချန်သခင်နှင့်အတူတူဖြတ်သန်းဖူးပေမဲ့ဒီညတော့စိတ်တွေလှုပ်ရှားကာရင်ခုန်သံတွေမြန်ဆန်လာချေသည်

သခင့်အလိုတော်Hikayelerin yaşadığı yer. Şimdi keşfedin