အပိုင်း (၆)

97 8 0
                                    

*နန်းတော်ညီလာခံတွင်ဖြစ်သည်*

ဟန်ဘုရင်မှအမိန့်ကြေညာချက်ကိုထုတ်ပြန်လိုက်သည်၊ထိုအမိန့်စာထဲမှာကအရာရှိဟွေ့လုံကိုအကျဉ်းမှလွှတ်ပြီးနေအိမ်ပြန်ထားရန်ဖြစ်သည်။

ကျန်တဲ့အမိန့်ကတော့အမတ်ချုပ်ချန်ကွမ်းကိုသက်သေနှင့်တကွအရေးယူဖို့ပေါ့။

ဟန်ဘုရင်ထိုသို့ဆုံးဖြတ်လိုက်သည်ကိုအမတ်အများအပြားကန့်ကွက်ကြသည်၊အမှုကိုကျူးလွန်တာဟာအမတ်ချုပ်ချန်ကွမ်းတစ်ယောက်တည်းမဟုတ်ပေ၊အတူတူကျူးလွန်ခဲ့ကြတဲ့အရာရှိတွေလည်းရှိသည်။

အမတ်ချုပ်ချန်ကွမ်းကိုဖမ်းလိုက်လျှင်ကျန်တဲ့အမတ်တွေပါဘေးကင်းမည်မဟုတ်!!

ဟန်ဘုရင်ဟာချန်သခင်ပြောတဲ့အတိုင်းပြုလုပ်ပေးခဲ့သည်မှာတမင်လိုက်လျောပေးပြီးထိုအမှန်တရားကြောင့်ပဲချန်သခင်အတွက်နာကျင်စရာဖြစ်သွားအောင်ကြားထဲကစနက်တံလုပ်ချင်တာဖြစ်သည်

*ချန်အိမ်တော်ဘက်တွင်*

*မွန်းတည်နေလေပြီ၊ညကကြမ်းထားတဲ့အရှိန်ကြောင့်ဟွေ့မင်မထနိုင်*

ချန်သခင်ခမျာသူပဲကြမ်းပြီးသူပဲပြန်ပြုစုပေးနေရလေသည်

"အားမင်..အားဆေးသောက်လိုက်အုံး"

*ဟွေ့မင်မျက်နှာမဲ့သွားကာ*   " မသောက်ချင်ဘူး...ခါးမှာပေါ့.."

"ဟက်!!!ဒီဆေးကိုအားမင်ပါးစပ်ထဲမထည့်ရင်ကိုယ့်ဟာထည့်ခိုင်းမှာနော်!!!"

ထိုစကားကိုအစေခံတွေရှေ့မှာပြောလိုက်တာမို့ဟွေ့မင်ရှက်သွေးဖြာသွားသည်

"သခင်.....ကျနော်သောက်မယ်...ပေး..ကျနော့ကို"

"ကိုယ်တိုက်မယ်...ပါးစပ်ဟ.."

ချန်သခင်ရဲ့အချစ်ဝေဒနာဟာထိုကောင်လေးကြောင့်ပိုပိုကျွမ်းလာလေသည်

"သခင်ကြီးနန်းတော်ကစာရောက်လာပါတယ်"

ချန်သခင်စာကိုဖွင့်ဖတ်ကြည့်တဲ့အခါမှာဟွေ့မင်အတွက်ဝမ်းသာစရာသတင်းပင်

"အားမင်..မင်းအဖေပြန်လွတ်လာပြီ"

"ဝမ်းသာလိုက်တာ!!!သခင်ရယ်!!!ကျနော်အဖေ့ကိုတွေ့ချင်တယ်"

သခင့်အလိုတော်Wo Geschichten leben. Entdecke jetzt