Part - 3

3.7K 304 14
                                    

အနောက်နန်းဆောင်၏ကိုယ်ပိုင်နန်းဆောင်ဆိုသောအဆောင်တော်ကို ဆူးညှာ ပါးစပ်အဟောင်းသားငေးကြည့်နေမိသည်။ မြင်သမျှ ရွှေရောင်တလက်လက်ဖြင့် မျက်စိစူးမတတ်။

"ရေချိုးသန့်စင်တော်မူနိုင်ပါပြီဘုရား”

နန်းတွင်းအပျိုမလေးတစ်ဦးက ပုဆစ်ဒူးတုပ်ထိုင်၍ လာပြောသဖြင့် ဆူးညှာ ရပ်နေရာမှ လှည့်ကြည့်လိုက်သည်။ အထိန်းတော်ကြီးဟူသည့်အစ်မကြီးမှာ ရေချိုးခန်းသွားရာလမ်းဟု ထင်ရသောနေရာ၌ ရို့ကျိုးစွာ ရပ်နေသဖြင့် ဆူးညှာ ဝင်သွားသည်။ ပန်းပေါင်းဆီများထည့်ထားသော ရေချိုးကန်ကြီးကို တွေ့ရသည်။ ဆူးညှာရပ်နေစဥ် အပျိုမလေးက အနားကို တိုးလာပြီး သိုရင်းအင်္ကျီကို လာချွတ်သဖြင့် လန့်သွားရသည်။

"ဘာလုပ်တာလဲ၊ ဘာလို့ သူများအင်္ကျီကို”

ဆူးညှာလန့်ကာ ရင်ဘတ်လက်အတင်းကာရင်း အော်လိုက်တော့ နန်းတွင်းသူမှာ ကပျာကယာ ကြမ်းပြင်၌ ဝပ်တွားရှိခိုးတော့သည်။

"မိကျေးက မင်းသမီးရေချိုးရန် ဝတ်ရုံတော်ကူချွတ်ပေးတာပါ့ဘုရား၊ သေလောက်သည့်အပြစ်ကျူးလွန်မိပေတယ်၊ ချမ်းသာပေးတော်မူပါဘုရား”

"ကိုယ့်ဘာသာလုပ်လို့ရပါတယ်၊ ထ...ထလေနော်၊ ဒီလောက်ထိတောင်းပန်ဖို့ မလိုတာကို”

"တင်ပါ့ဘုရား”

မိကျေးက ခပ်ရို့ရို့ထရပ်ပြီး ရေချိုးကန်ထိပ်၌ ရှိနေသေးသဖြင့် ဆူးညှာမှာ အဝတ်မချွတ်နိုင်ဘဲ ခပ်ချဥ်ချဥ်လှည့်ကြည့်လိုက်သည်။

"ဘာလို့ရပ်နေသေးတာလဲ၊ ရေချိုးမလို့လေဟာ”

"တင်ပါ့၊ မိကျေး ရေကူချိုးပေးရန် စောင့်နေကြောင်းပါဘုရား”

ဆူးညှာ မျက်နှာအပူလှိုင်းများ ရှပ်ပြေးသွားရသည်။ ဒီမင်းသမီးက ဒီလို အစစအရာရာ သူ့အစေခံများကို လုပ်ခိုင်းတာလားတွေး၍ ဆူးညှာအံကြိတ်လိုက်တော့ မိကျေးက ကြောက်သည့်အမူအရာဖြင့် ရေချိုးအဆောင်မှ ထွက်သွားသည်။

"ဒီလိုမျက်မှောင်ကြုတ်ပြီး အံကြိတ်တာ အသုံးဝင်သားပဲ”

မည်သူမှမရှိတော့ ဆူးညှာအဝတ်ချွတ်၍ ရေချိုးကန်ထဲဆင်းထိုင်ကာ စိတ်ကို ဖြေလျော့ချလိုက်သည်။ ပန်းပေါင်းဆီမွှေးရနံ့နှင့် သန့်စင်သည့်ရေအေးက စိတ်ကြည်လင်လာစေပြီး စိတ်အေးအေးစဥ်းစားနိုင်လာသည်။

Dr. Princess/ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now