[ UNICODE]
------
အဝတ်စားလဲခန်းကနေ ထွက်လာတဲ့
ပုံရိပ်သေးသေးလေး ။ဖြတ်ခနဲတွေ့လိုက်တဲ့ နောက်ကျောတစ်ခု
ဆိုပေမဲ့ အြမဲတမ်းလိုလို ကြည့်ခဲ့ဖူးတဲ့
ကျောပြင်မို့ထင်ပါတယ်
ဘယ်သူဘယ်ဝါဆိုတာ ဟန်ဘင်း
အသေချာမှတ်မိသည် ။အချိန်တွေအကြာကြီးနေမှ
မထင်မှတ်တဲ့သူနဲ့ မထင်မှတ်ပဲ
ပြန်တွေ့ရတာက ဝမ်းသာစရာလား အလကားသက်သက်လေပဲလားသေချာတာကတော့ ဆော့မက်သရူးကို
နှုတ်ဆက်ဖို့ရာ ဝန်လေးနေခဲ့သည်ပင် ။ဝန်ထမ်းတွေအတွက် သီးသန့်
လုပ်ပေးထားတဲ့ထွက်ပေါက်ကနေ
မသွားပဲ တမင်တကာ ရှေ့ပေါက်ကနေ
ထွက်လာတာကကောင်တာမှာရှိနေသော
တစ်စုံတစ်ယောက်နှင့် တွေ့ချင်လို့သာထိုသူရှိတဲ့နေရာနဲ့ နီးလာလေလေ
ဟန်ဘင်းခြေလှမ်းတွေက တွန့်ဆုတ်လာလေနှုတ်ဆက်ဖို့ထွက်လာခဲ့တာမှန်ပေမဲ့
သွားနှုတ်ဆက်လိုက်ရမလား ဆိုတဲ့
အတွေးက ဝဲလည်နေသည်ဒါမှမဟုတ်
မသိချင်ယောင်ပဲဆောင်လို်က်ရမလား
တိုက်ဆိုင်လိုက်တာကွာလို့ပဲ
အံသြကြောင်းပြရမှာလားတကယ်လည်း တိုက်ဆိုင်တာပါ
မက်သရူး ဒီဟိုတယ်မှာအလုပ်လုပ်နေတယ်ဆိုတာ ဟန်ဘင်းသိထားတာလည်း မကြာသေး ။
' ဟန်ဘင်း လာလေ
ဘာရပ်လုပ်နေတာလဲ 'toilet သွားရာက ပြန်ရောက်လာတဲ့
ဂျုံဝူးဟျောင်းကို ခဏလေးဆိုသော
သဘောနဲ့ အသံထွက်ရုံလေး လှမ်းပြောကာ
လူကတော့ ဧည့်ကြိုကောင်တာဘက်ကို
ခပ်သွက်သွက်လေး လျှောက်လာခဲ့သည် ။အိုခေ ဟန်ဘင်း
ဘာမှ တွေဝေစရာမလိုဘူး
သူငယ်ချင်းဟောင်းကိုတွေ့လို့
ဝင်နှုတ်ဆက်ရုံပဲ'အမ်..မတွေ့ရတာကြာပြီးနော် မက်သရူး '
ဆော့မက်သရူးက မျက်လုံးလှန်ကြည့်တယ်
သူ့ကိုမြင်တာ နည်းနည်းလေးတောင်
အံ့သြသွားတဲ့ပုံမပေါ် ။
YOU ARE READING
U
Fanfiction_Loving is easy when everything's perfect ︎♡︎ I don't want nobody else But I want U :SungHanbin // SeokMatthew