ep 3

574 80 6
                                    

[Unicode]

ညနေ အလုပ်ဆင်းပြီးဆိုတာနဲ့
နှစ်ယောက်သား ရစ်ခီရှန်တို့ဆိုင်ကို
ချီတက်

ကားကိုတော့ မက်သရူးက မောင်းသည် ။

ဆိုင်ထဲဝင်တာနဲ့ ပြေးလုပ်ရသည်က
တရုတ်က ကျန်းဟာအိုကို
ဗီဒီယိုခေါ်လ်ခေါ်ခြင်း။

သူမရှိတုန်း နှစ်ယောက်တည်း
ရှော့ပင်းထွက်လာတာမို့
ကျန်းဟာအိုကောက်ချင်နေသည်လေ ။
လျှော့ဈေးက ဒီတစ်ရက်ပဲရတာဖြစ်ကြောင်း
ဘာကြောင့်ညာကြောင့် အကြောင်းပြရင်း
ဟိုဟိုဒီဒီလွှဲချကာ ဖုန်းပိတ်ရသည် ။

သူ့အလုပ်ကိစ္စမပြတ်သေးလို့သာ
ဒါလောက်နဲ့ပြီးတာ ။
ကျန်းဟာအို တစ်ခါရစ်ရင် သုံးနှစ်သုံးမိုး ။

သူငယ်ချင်းသုံးယောက်ပေါင်းမှ
စိတ်မဆိုးစိတ်မကောက်တတ်တဲ့သူဆိုလို့
ငါပဲရှိတယ်ဆိုတဲ့အတွေးနဲ့ ဂင်မ်ထယ်ရယ်
အဝတ်စားတွေ ဇွတ်ဇက်ရွေးသည် ။
ရွေးလိုက်တဲ့အင်္ကျီက
တစ်ခြမ်းနီ တစ်ခြမ်းဝါ ။

အောက်ပိုင်းအတွက် အမဲရောင်တွေကြား
ရွေးစရာများတာမို့ ကူရွေးခိုင်းရန်
မက်သရူးကိုကြည့်တော့ သူက
လူငယ်လေးတွေဝတ်တဲ့
ဘောင်းဘီတန်းမှာ အကြိုက်တွေ့နေ၏ ။
ကိုင်ထားတာက
အစိမ်းနုရောင်ဘောင်းဘီအတိုလေး ။

' ဆော့မက်သရူး ရူးသွားပြီလား
ဒါတွေက လူပျိုဖော်ဝင်ကာစ
ကလေးနုနုလေးတွေ ဝတ်တဲ့ဟာမျိုးလေ ။ မင်းဝတ်ရင် နွားသိုးကြီး
သူငယ်နာပျံသလိုဖြစ်နေမှပေါ့
ြကည့်မကောင်းပါဘူးကွာ '

ကပ်ကြေးတစ်လက်လောက်ပေးလို့ရမလား
ဂင်မ်ထယ်ရယ်ရဲ့ အဲ့ဒီထော်လန်နေတဲ့
ဘဲနှုတ်သီးကို ညှပ်ဖြတ်ချင်လို့

' ငါ့အတွက်ဖြစ်မလား ယူဂျင်းနီးအတွက် '

မက်သရူး ပါးစပ်ကနေ ယူဂျင်းနာမည်
ကြားတာနဲ့ တစ်လှန်လောက်ကွာတဲ့
နေရာကနေ ပိုက်ဆံတွက်ရင်း
ကောက်ထလာတဲ့ ဂယူဗင်း ။

အခုချိန်က
တက္ကသိုလ်ကျောင်းသားတွေ အားလပ်ရက်မို့
ဂင်မ်ဂယူဗင်းတို့ အစ်ကို့ဆိုင်လာပြီး
လုပ်အားပေးနေသည်ဖြစ်ရမည်

UWhere stories live. Discover now