ep 9

584 74 11
                                    

' လေးလေးထယ်ရယ် ဟိုမှာကြည့်
ဘောင်းဘီအမဲနဲ့အစ်ကို တွေ့လား'

ထယ်ရယ် ကားပေါ်ကမဆင်းသေးပဲ
ယူဂျင်း လက်ညိုးထိုးပြနေသူကို
ကြည့်လိုက်သည်

ယူဂျင်းနီးတို့ကျောင်းနဲ့ မျက်စောင်းထိုး
ဟော့ပေါ့ဆိုင်ရှေ့က ထွက်လာသူက
မိုးပြာရောင်ရှပ်အင်္ကျီကို
စတိုင်ပန်အမဲနဲ့ တွဲဖက်ဝတ်ဆင်ထားသည်

တွေ့နေရသည်လူက ြမင်ဖူးနေတဲ့သူ
ြဖစ်နေတာမို့
ထယ်ရယ် မျက်လုံးကိုပြူးြကည့်သည်

ဟုတ်ပါတယ်
ဟန်ဘင်းမှတ်လား

ဆောင်းဟန်ဘင်းလည်း
ဘယ်ချိန်ကြည့်ကြည့်
ကျော့မော့ရှင်းနေတာပဲနော်

နေပါဦး

အဲ့ဒါထက်
 
' ယူဂျင်းနီးက ဘယ်လိုသိတာလဲ
အဲ့ဒီအစ်ကိုကို '

' ရှေ့ရက်က သားပြောတယ်လေ
လေးလေးချူးကားနဲ့
တိုက်မလိုဖြစ်တယ်ဆိုတာ
ဲအဲ့ဒီအစ်ကိုနဲ့ ပါလာတဲ့ အစ်‌မပေါ့ '

' အိုး မိုင်ဂေါ့ဒ် '

ထယ်ရယ် ဘုရားသာ တမိတော့သည်

နဂိုကတည်းကမှ မက်ချူးက
သူ့ မကြည်ပါဘူးဆို
ဒီဆောင်းဟန်ဘင်းနဲ့ ကံကလည်းနော်
ဆုံမှဆုံတတ်လို့

ယူဂျင်းကိုပို့ပြီး ဟိုတယ်ကိုလာတော့
ဟန်ဘင်းကားနဲ့ ထယ်ရယ့်ကားက
ရှေ့ဆင့်နောက်ဆင့် ။

mercedes- Benz S-Class

လုပ်ဝင်ကာစ ဝန်ထမ်းတစ်ယောက်
စီးနိုင်တဲ့အနေထားထက် မြင့်လွန်းမက
မြင့်နေသော

ထယ်ရယ် သူ့ကားစုတ်လေးကို
တပွမ်ပွမ်တီးကာ
ဟိုတယ်ဝင်းထဲ ကွေ့ဝင်လိုက်သည် ။
သုံးယောက်ပေါင်းပြီး သုံးနှစ်တာလခတွေနဲ့
အရစ်ကျပေးဝယ်ထားရတဲ့ ကျေးဇူးရှင်လေး ။
ဟာအိုကတော့ ပြန်ရောင်းဖို့
ပြောနေပေမဲ့ ကပ်‌ေစးနည်းကော်တရာ
မက်ချူးက နောက်နှစ်မှဟုဆိုသည် ။

ဓာတ်လှေကားထဲဝင်လာတဲ့ ထယ်ရယ်ကို
ဟန်ဘင်းက ပြုံးကာ နှုတ်ဆက်သည်

' မောနင်းပါ ထယ်ရယ် '

' မောနင်း ဟန်ဘင်း '

' တစ်ယောက်တည်းလား
ဝူဟျွန်းနဲ့ဟာအိုရော '

UWhere stories live. Discover now