Precious in Snow

852 107 2
                                    

"ယူဂျင်းရေ!!....စီနီယာ ဂယူဘင်း ကျောင်းနောက်ဖက်မှာ ရန်ဖြစ်လို့ အခု....ကျောင်းအုပ်ကြီး ရုံးခန်း ရောက်နေတယ်"

ဒီဇင်ဘာလ ဆောင်းရာသီ၏ ချမ်းမြမြ အအေးဓာတ်နဲ့အတူ နားချိန်တွင် စာအုပ်လေးတစ်အုပ်ကို ထုတ်ဖတ်နေသူ ယူဂျင်းသည် ရာသီဥတုရဲ့ပြရုပ်အတိုင်း။

ထိုဆောင်းရာသီထံ ဖြတ်ဝင်လာသည့် အပူလှိုင်းကတော့ အေးမြမှုနှင့် ‌ဆန့်ကျင်ဘက်မို့ အတန်းဖော်တစ်ယောက် လာပြောသည့် စကားကို ကြားပြီးနောက် ဆောင်ထားနေကြ ဆေးထုပ်လေး ယူပြီး ပြေးရတော့သည်။

ကျောင်းအုပ်ကြီး ရုံးခန်းရှေ့ရောက်တော့ စာအတော်ဆုံးကျောင်းသား၊ ကျောင်းကို ထောက်ပံ့ပေးသည့် ဥက္ကဌဖြစ်သူ အဖေ၏ အခံဖြင့် တစ်ခြားသူတွေ ရစ်သီရစ်သီ မလုပ်ဘဲ အဝေးကသာ ကြည့်နေရသည့် အခန်းလေးကို ယူဂျင်းကတော့ ပေါ်ပေါ်ထင်ထင်ပဲ ပြတင်းပေါက်က ကြည့်နေသည်။

အခန်းထဲကို အကြည့်ပို့တော့ ရန်ဖြစ်တာက အုပ်စုလိုက်နဲ့ တစ်ယောက်မှန်း သိသာသည်။နောက်က ခုံရှည်တွင် ထိုင်နေသည့် သုံး
‌ယောက်ထဲမှာ နှစ်ယောက်က သွေးအလွန်ထွက်နေသော်လည်း ကျန်တဲ့တစ်ယောက်ကတော့ ဒဏ်ရာက မပြင်းလှ။

သူ အလယ်တန်းကတည်းက အခုချိန် အထက်တန်း ပထမနှစ်အထိ နှစ်ရှည်လများ ချစ်ခဲ့ရသူ ဂင်မ်ဂယူဘင်း နှင့် အုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ကျောင်းသားနှစ်ယောက်သည် ကျောင်းအုပ်ကြီးရှေ့ရှိ ထိုင်ခုံနှစ်ခုံတွင် ယှဉ်ထိုင်နေသည်။

ကိုကို့ နှုတ်ခမ်းထောင့်မှာလည်း သွေးစို့ကာ ယောင်နေသည်မှာ ညိုတဲ့ဘက်ကိုတောင် သန်းနေပြီဖြစ်သည်။ဒါကို ကျောင်းအုပ်ကြီးက ဆိုဆုံးမနေသည်မှာ မပြီးသေးပါ။ကိုကိုရန်ဖြစ်တိုင်း ဒီစကားတွေပဲ အမြဲအမောခံပြောနေသည့် ‌ကျောင်းအုပ်ကြီးသည် အခုလည်း ထိုအတိုင်းပင်။

ထိုစကားတွေ နားထောင်နေသည်ထက် ကိုကို့ဒဏ်ရာတွေသာ အရေးကြီးဆုံးမို့ အမြန် အဆုံးသတ်စေချင်လှပြီ။

ကိုကို့ကို ကြည့်နေသည့် ကျွန်တော့်ကို မြင်သွားသည့် ကျောင်းအုပ်ကြီးသည် ချောင်းတစ်ချက်ဟန့်ကာ စကားစ ဖြတ်သည်။

Precious in Snow Where stories live. Discover now