ခွန်း လမ်းမီးတိုင်က အလင်းရောင်လေးရှိတဲ့ အိမ်ရှေ့ဆင်ဝင်အောက်မှာ ထိုင်နေမိတယ် လှဲအိပ်နေမိတယ်ဆို ပိုမှန်တယ် အိမ်ထဲဝင်စရာ သော့ကမရှိဘူးရယ်............
" မြေးလေး မြေးလေး "
"ဟမ် ဖွားဖွားတို့ ပြန်လာကြတာလား"
"ဟုတ်ပါ့ ငါ့မြေးလေးကို စိတ်မချလို့လေ"
ဘိုးဘိုး ဖွားဖွား မေမေရော ဖေဖေရော ပြန်လာကြတာ
တီလေးကတော့ ဝန်ထမ်းမို့ တာဝန်ကျတဲ့နေရာ ပြန်သွားတာ ကြာပြီလေ" မြေးလေး ဟို flower boxထဲက ဇလပ်ပင်ပုလေးအောက်မှာ အိမ်သော့ရှိတယ် မြေးလေးယူပြီး ဖွင့်လိုက်နော်"
"ဟင် ဖွားဖွားတို့ကရော မဝင်ဘူးလား"
"သမီးလေး မေမေ့ ကလေးလေး လိမ်လိမ်မာမာနေနော် ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ငါ့သမီးလေး အမြဲတမ်း ပျော်ရွှင်နေဖို့က အဓိကဘဲ"
ခွန်းကို အားလုံးက ဝိုင်းဖက်ထားကြတယ် ခွန်း အရမ်း လုံခြုံ နွေးထွေးသွားတယ် မသိစိတ်ကလဲ တစ်ခုခုကို ဝမ်းနည်းနေသလိုလို..............
---------------------**-----------------------**--------------------------
ဒေါ်သက်ထားခင်တို့ အိမ်မှာလဲ"ထား ရေ ထား ........"
"မေမေ ဘာတွေ အလောတကြီးဖြစ်လာတာလဲ"
ဒီမနက်မှရန်ကုန်သွားကြတဲ့လူတွေက ဘယ်လိုလုပ် ချက်ချင်းပြန်ရောက်လာကြပါလိမ့်
"ခွန်းလေးရော ခွန်းလေး ဘယ်မှာလဲ"
"မေမေရယ် မြတ်ခွန်းချို လို လူမျိုးကို ဒီအိမ်မှာ ထားဖို့ မတန်ပါဘူး မေမေရယ် အဲ့ဒါကြောင့် သမီး နှင်ချလိုက်ပြီ"
"ဟယ် မဖြစ်ဘူး မဖြစ်ဘူး.... အခု သူ့အိမ် လိုက်သွားရမယ်"
"မေမေ ဘာတွေဖြစ်နေတာလဲ ထား ကို ပြောပါအုံး"
"ခွန်းလေးရဲ့ မိသားစုလေ ရန်ကုန်ကအပြန် မှော်ဘီအလွန်မှာ ကားaccident ဖြစ်လို့ လေးယောက်လုံး ပွဲချင်းပြီးတဲ့....... အဲ့ဒါအခု မှော်ဘီဆေးရုံမှာတဲ့ သက်ဆိုင်ရာက လာခေါ်သွားကြတာ ခွန်းလေးရဲ့ တီလေးက အဲ့ဒီကို သွားနေပြီ ပြောတယ်"
"ရှင်"
..........................Myat Khun Cho
#အရေးအသားမကောင်းတာကို ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ
Voteလေးတွေလဲ ပေးခဲ့ကြပါအုံးဗျ voteလေးတစ်ခုရရင်တောင် ထ ခုန်မတတ် ပျော်ရွှင်ရလို့ပါ
😽😽

YOU ARE READING
မျှော်လင့်မိခဲ့သော
Romanceဆရာမနဲ့ကျောင်းသူ GL ficလေးပါဗျ Punishment type လေးမို့ ပထမဆုံးရေးသားဖူးတာမို့ အမှားများပါခဲ့ရင် ခွင့်လွှတ်နားလည်ပြီး အားပေးကြပါအုံးဗျ