နောက်နေ့ကစပြီး ခန့် အန်တီစိမ်းကို ရှောင်နေမိသည်။ ဆိုင်လာလျှင်လည်း ထွက်မတွေ့ပေ။
အန်တီစိမ်းကို ရှောင်နေခဲ့တာ တစ်ပတ်ကျော်ခဲ့ပြီ ဒီနေ့ကစပြီး ကျောင်းစတတ်ရမှာဆိုတော့ ကျောင်းသွားနေတာနဲ့ ရှောင်နေစရာမလိုတော့ဘူး။
ခန့် အတွေးလွန်ပြီး စက်ဘီနင်းလာတာ ကျောင်းရှေ့တောင်ရောက်လာပြီ။
'ဟျောင့် ငခန့်'
'အေး'
'သားကြီး မတွေ့တာကြာတော့ ချောလာတယ်'
'ဘာစားချင်လဲ ဘာဝယ်ကျွေးရမလဲ လူကိုလာမြှောက်နေတယ်'
'ခန့်ရာ အကောင်းပြောတာပါ'
'ယုံလိုက်ပြီနော်'
ကျောင်းကို စစဝင်တော့ ခန့်ရဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းနှစ်ယောက်နဲ့တွေ့လေသည်။ သူတို့မှာ လမင်းကျော်နှင့် ဆောင်းနှင်းဝင်း တို့ပေ။ ခန့်ကတော့ ကျော်ကြီးနဲ့ အဝင်းလို့ခေါ်သည်။ နှစ်ယောက်လုံးမှာ tomboyများပင်။
စကားတပြောပြောနှင့် ခန့်တို့နေရမည့်အတန်းသို့ ရောက်လာသည်။ အတန်းထဲရောက်တာနဲ့ ခန့်တို့ နိဗ္ဗာန်လေးကို အမြန်ဝင်ထိုင်ကြသည်။
ခန့်တို့ နိဗ္ဗာန်လေးမှာ နောက်ဆုံးတန်းကိုပြောခြင်းပင်။
'နေမင်းခန့် ဆရာမရည်မွန်ခေါ်နေတယ်'
'အေး လာပြီ'
ခဏကြာတော့ ကောင်မလေးတစ်ယောက်က ခန့်ကိုလာခေါ်သည်။
ခန့်လည်း ထိုကောင်မလေးနောက်လိုက်သွားသည်။ ခန့်တတို့ အခန်းနှင့် နားနေခန်းမှာ အလွန်ဝေးသည်။
'ဆရာမ ဝင်ခွင့်ပြုပါ'
'အော် လာ'
'ဟုတ်'
'ဒါ ဆရာမအသစ် မင်းတို့အတန်းပိုင် အခန်းထဲကို ခေါ်သွားပြီး ဆရာမလိုတာ ကူညီလိုက်အုန်း စိမ်း သူက...'
ဒီဘက်ကို လှည့်လာတော့ အန်တီစိမ်းပင်။
'ခန့်...'
'အန်တီစိမ်း...'
'သိနေကြတာလား'
'ဟုတ်'
YOU ARE READING
သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)
Romanceစိမ်းစိတ်ကောက်တိုင်း စာပေးပြီး ချော့တတ်တဲ့ ခန့်အကျင့်လေးကို စိမ်းဖြင့် သိပ်...သဘောကျတာဘဲ။ ခန့်ချော့သမျှ စာတိုင်းရဲ့ ထိပ်ဆုံးက 'သို့...ချစ်ရပါသော တီချယ်စိမ်း' ဆိုတဲ့ စာတန်းလေးက မြတ်နိုးစရာလေးပါရှင်...