မောင့် နှုတ်ခမ်းပါးထက်က ပျားရည်ဝိုင်🐝Part 9
"ရေတွေလည်း ဖြည့်မထားပါ့လား ဝတ်မှုံ"
နေမီးလျှံ ဆိုဖာပေါ်ထိုင်ကာ ရုပ်ရှင်ကြည့်နေတဲ့ ဝတ်မှုံအားပြောလိုက်သည်
"ဟာ ကိုကိုကလည်း ရေအိုးစင်ရှိတာအဲ့က သောက်ပေါ့"
"ကိုယ်က အပြင်က ပြန်လာတာလေကွာ အမောဖြေပြီးရင် ရေးအေးလေးသောက်ချင်တာပေါ့...."
နေမီးလျှံ မျက်မှောင်ကြုံ့ကာပြောလိုက်သော်လည်း ဝတ်မှုံဟာ လှည့်မကြည့်တော့ပါ
နေမီးလျှံ စိတ်ရှုပ်ရှုပ်နဲ့ ရှပ်အကျီအား ချွတ်ကာ အဝတ်တောင်းထဲထည့်တော့ အဝတ်တွေဟာ အပြည့်
"ဝတ်မှုံ အဝတ်တွေ လျှော်မထားဘူးလား"
"ကိုကို့မှာ အဝတ်တွေရှိသေးတယ်မလား အဲ့တာတွေဝတ်လေ ဝတ်မှုံမအားလို့"
"မင်းအခု tvကြည့်နေမဲ့အစား အဝတ်လျှော်စက်ထဲ ထည့်ထားလိုက်လေ ဘာအပန်းကြီးလဲ"
"အဲ့တာဆို ကိုကိုဘဲ ထည့်လိုက်တော့လေ ဝတ်မှုံကိုဘာလို့ လာပြောနေသေးလဲ"
နေမီးလျှံ အလုပ်ပင်ပန်းလာတဲ့ထဲ စိတ်မကြည်တော့ပါ
မဆီမဆိုင် သူအပြင်ကပြန်လာရင် ရေအေးလေးနဲ့ကြိုတတ်တဲ့ နန်းကို သတိရသွားသည်
နေမီးလျှံ ခေါင်းရမ်းလိုက်ပြီး ရေချိုးအကျီလဲကာ မီးဖိုချောင်ဘက်တွင် ထမင်းခူးပြီး ဟင်းရှာနေသည်
"ဒီနေ့ဘာဟင်းလဲ ဝတ်မှုံ..."
"ဒီနေ့ဟင်းမချက်ဘူး ကိုကို အပြင်မှာဝယ်စားလိုက်"
"ဟ ဒါဆို မင်းက ဘာနဲ့ စားတုန်း"
"ကိုကိုဝတ်မှုံကို လေသံမာတာလား..."
သူမက ယခုမှ သူ့ဘက်ကို ဆူအောင့်အောင့်လျှောက်လာတော့သည်
"ပြန်လာတည်းက ပူညံပူညံနဲ့ ပြောဘာတွေဖြစ်နေတာလဲ"
"ငါပြောတာမှားနေလို့လား ငါဘာနဲ့စားရမလဲလို့လေ"
ဝတ်မှုံက သူမရဲ့ ဆံပင်တွေကို ဖွလိုက်သည်
"Delivery နဲ့မှာစားလိုက်လေ"
"ဒါဆို သမီးကရော"
BINABASA MO ANG
မောင့်နှုတ်ခမ်းပါးထက်က ပျားရည်ဝိုင်🐝(complete)
Romanceချစ်ရသူခင်ပွန်းရဲ့ ကွာရှင်းခြင်းကို ကြည်ဖြူစွာလက်ခံပီး4နှစ်အကြာတွင် သေဆုံးသွားခဲ့တဲ့ နန်းအေး.... နန်းအေးဆိုသော သူ့ရဲ့ ဇနီးဟောင်း အသုဘမှအပြန် ထင်မှတ်မထားတဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့ နေမီးလျှံ..... သူကားတိုက်ခံလိုက်ရပီးနောက် နန်းနဲ့ ကွာရှင်းတော့...