မောင့် နှုတ်ခမ်းပါးထက်က ပျားရည်ဝိုင်🐝Part 13

11.1K 454 22
                                    

မောင့် နှုတ်ခမ်းပါးထက်က ပျားရည်ဝိုင်🐝Part 13

"လက်စားချေချင်လား..."

သူဟာ ထိုစကားကိုပြောရင်း ဆေးလိပ်တိုကို ပြတင်းပေါက်ကနေ ပစ်ချခဲ့တယ်....

ဝတ်မှုံ သူမရှေ့က လူဟာ ဘယ်သူလဲမသိပေမဲ့ သူဟာ လျော့တွက်လို့မရတဲ့လူလို့ တွေးမိတယ်

"အဟင်း ကျွန်မမှာ ဘာများတတ်နိုင်မှာလဲ.....ကိုကိုက ကျွန်မကိုမှ မချစ်တော့တာ...."

ပျက်စီးသွားတဲ့ မျက်နှာ တစ်ခြမ်းရဲ့အခြေအနေကြောင့်သူမအနေနဲ့ ဘဝရပ်တည်မှုရော ကိုကို့ရဲ့အချစ်ကိုပါ ဆုံးရှုံးခဲ့ရပြီးပြီ

သို့သော် ထိုလူဟာ သူမအနောက်ကနေလာရပ်ပြီး သူမကို မှန်ရှေ့ခေါ်သွားခဲ့သည်

သူ့ရဲ့လက်တစ်ဖက်ဟာ သူမရဲ့ပက်တီးစီးထားတဲ့ မျက်နှာတစ်ခြမ်းကို ကွယ်လေသည်

"သိပ်လှတဲ့ မျက်နှာလေးဘဲ....."

ဝတ်မှုံ အကောင်းအတိုင်းကျန်နေတဲ့ သူမရဲ့ မျက်လုံးတစ်ဖက်က မျက်ရည်ဝဲလို့လာလေသည်

"ပလတ်စတစ်ဆာဂျရီလုပ်ဖို့ ငါကူညီပေးမယ်....အရင်ကထက် ပိုလှနေအောင်......"

"ဒါတွေ ဘာလို့ ကျွန်မကို လာကမ်းလှမ်းနေတာလဲ....ရှင့်ရည်ရွယ်ချက်ကဘာလဲ...."

သတိုး မေးခွန်းတွေသိပ်များလွန်းတဲ့ကလေးမလေးအား ရယ်ချလိုက်သည်

"ဒီလိုပါဘဲ ကစားပွဲတစ်ခုမှာ ကိုယ့်ဘက်က ဝှက်ဖဲများများထားတာမကောင်းဘူးလား...."

ဝတ်မှုံ ကျက်သီးထသွားတဲ့ ခံစားချက်ကြောင့် မျက်မှောင်ကြုံ့မိလိုက်သည်

"ငါတို့ရဲ့ပန်းတိုင်တွေက တူညီနေတယ်လို့ဘဲ မှတ်လိုက်ပါ........ငါလိုတဲ့အချိန်ကျ မင်းအသင့်ရှိနေပေးဖို့ဘဲ......."

ဝတ်မှုံ မှန်ထဲက ပတ်တီးတစ်ခြမ်းစည်းထားရတဲ့ သူမမျက်နှာအား ကြည့်နေမိသည်

"ပိုပြီးလှပတဲ့ အနာဂတ်အတွက်......ဘဝသစ်တစ်ခု....."

ဝတ်မှုံ ထိုနတ်ဆိုးလိုလူနဲ့ အပေးအယူလုပ်ခဲ့သည်

'သူမ ကိုကို့အချစ်ကို ပြန်ပိုင်ဆိုင်နိုင်ရမယ်.....ဘာတွေဘဲလုပ်ရလုပ်ရပေါ့...'

မောင့်နှုတ်ခမ်းပါးထက်က ပျားရည်ဝိုင်🐝(complete)Où les histoires vivent. Découvrez maintenant