Part~1

1.5K 106 4
                                    

Unicode Version~

ကျောင်းခေါင်မိုးထပ်၏ လေညှင်းတွေကြား တလူလူလွှင့်ကာ ကလူမြူးနေကြတဲ့ မီးခိုးရောင် ဆေးလိပ်ငွေ့တွေက ဦးတည်ရာ
မရှိ အမှုန်စုလေးတွေ ပြန့်ကျဲသွားသည်။ရှည်သွယ်သွယ်လက်ချောင်းရှည်တွေက
လက်ညိုးနဲ့ လက်ခလယ်ကြား ဆေးလိပ်ကို အသာအယာပင် လျော့ရဲစွာ ကြားညှပ်ကိုင်ထားလျက် မျက်လုံးကို အသာမှေးစင်းရင်း အငွေ့တွေကို အလုံးလိုက် မှုတ်ထုတ်ပစ်လိုက်သည်။

"ရား ကိုကို ဘာလို့ဆေးလိပ်တွေ
ခိုးသောက်နေတာလဲ!!"

"ဟင် ယူဂျင်း!"

သူက ကျွန်တော့်ကို ကိုကိုလို့ ခေါ်တယ်။
အဲ့ဒီကလေးရဲ့နာမည်ကတော့ ဟန်ယူဂျင်း
တဲ့လေ...ကျွန်တော်မွေးပြီး နှစ်နှစ်အကြာမှာ ဘေးအိမ်က ကလေးလေးမွေးလာတော့ အပြေးလေးသွားကြည့်ခဲ့တာ။မျက်လုံးလေးတွေက ကြယ်တွေလိုတောက်ပကြည်လင်
နေပြီး ပါးလေးတွေပြည့်ဖောင်းလို့..တခစ်ခစ်ရယ်လိုက်တဲ့အခါ ကျွန်တော့်အသဲယားလို့ ရူးမတတ်ပါပဲ။

တဖြည်းဖြည်းကြီးပြင်းလာတဲ့ ကျွန်တော်တို့က အိမ်နီးချင်းတွေဖြစ်သလို မိဘတွေကလည်း သိပ်ကိုရင်းနှီးကြတဲ့
စီးပွားရေးပါတနာတွေ....ကျောင်းကိုလည်းအတူတူထားပေးပြီး ယူဂျင်း အနိုင်ကျင့်ခံရမှာစိုးတဲ့ ယူဂျင်းမေမေက ကျွန်တော့်ကို အပ်ထားတာပေါ့။ကျောင်းမှာဆို နားချိန်ရောက်တိုင်း ကလေးလေးကို သွားချောင်းရတာအမော...ဘယ်သူကများ အနိုင်ကျင့်နေမလဲ၊ဘယ်သူနဲ့များရန်ဖြစ်နေမလဲ စသဖြင့် အမျိုးမျိုးသော အပူတွေနဲ့ ညီငယ်လေးကို သွားကြည့်ပေးခဲ့ရတယ်လေ။
မူလတန်း၊အလယ်တန်းကနေ မသိလိုက်ခင်မှာပဲ အထက်တန်းသို့ရောက်ရှိလာပြီဖြစ်တဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ ငယ်ငယ်ကနေ အခုထိ သံယောဇဥ်တွေခိုင်မြဲဆဲပါပင်။

"ဆေးလိပ်တွေ သောက်တာ အန်တီမေမေနဲ့ပြန်တိုင်ပြောမှာနော် ကိုကို...!"

"ဟော ကိုကိုက တစ်လိပ်ပဲသောက်တာကို အိမ်တော့ပြန်မပြောပါနဲ့ကွာ။
ယူဂျင်းက ကိုကို့ကိုမသနားဘူးလား..."

သနားကမား မျက်နှာငယ်လေးဖြင့် အားငယ်စွာ ပြောနေသော ဂယူဗင်းကိုကြည့်လျက် ယူဂျင်းရဲ့ မျက်ခုံးလေးတွေက အနည်းငယ်တွန့်ကျိုးသွားရသည်။ကိုကိုက အမြဲဒီလိုပဲ..
သူတစ်ခုခုလုပ်လို့ ယူဂျင်းက
မိသွားရင်လည်း စိတ်ပျော့သွားအောင် မျက်နှာငယ်လေးနဲ့ပြောတတ်သေးတယ်။

𝑬𝒗𝒆𝒏 𝑰𝒇 𝑰'𝒍𝒍 𝒃𝒆 𝒃𝒐𝒓𝒏 𝒂𝒈𝒂𝒊𝒏,𝑰'𝒍𝒍 𝒄𝒉𝒐𝒐𝒔𝒆 𝒐𝒏𝒍𝒚 𝑼Where stories live. Discover now