Part~35

586 67 12
                                    

Unicode Version~

"ကျွန်တော့်ကိုယ်ကျွန်တော် တရား၀င်မိတ်ဆက်ပါရစေ။တွေ့ရတာ ၀မ်းသာပါတယ်ဂျောင်ထယ်အန်းရှီး၊ကျွန်တော်က
ဂင်မ်ဂယူဗင်းရဲ့တစ်ဦးတည်းသော အိမ်ထောင်ဖက်အမျိုးသားဖြစ်တဲ့
ဟန် ယူ ဂျင်း လို့ခေါ်ပါတယ်။"

".........!"

"!!!!!!!!"

ဂယူဗင်းမှာမျက်လုံးတွေပြူးကျယ်သွားကာပါးစပ်လည်းအဟောင်းသားဖြစ်သွားရသည်။အခု ယူဂျင်းလေးက သူ့ကိုယ်သူ အိမ်ထောင်ဖက်အမျိုးသားလို့မိတ်ဆက်လိုက်တာတဲ့လား အဲ့တာကလည်း သူစိမ်းတစ်ယောက်အရှေ့မှာလေ!!!!??

ဂျောင်ထယ်အန်းခမျာ ယူဂျင်းရဲ့တရား၀င်မိတ်ဆက်မှုကြီးကြောင့် ပြောစရာစကားတို့ပျောက်ရှသွားရသည်။သူထင်ခဲ့တာက
ယူဂျင်းကို ဂယူဗင်းရဲ့ညီလို့ထင်ခဲ့တာပေမဲ့ လက်ထပ်...လက်ထပ်ထားတာတဲ့လေ။
သူ့အတွက် မစရသေးတဲ့ခြေလှမ်းမှာတင်
ကြီးမားတဲ့ စည်းကပေါ်လာခဲ့တာပဲ။

"အာ..ညီလေး မဟုတ်ဘူးလားဟင်။ကျွန်တော်က ညီအစ်ကိုတွေလို့....ထင်ခဲ့တာကို..."

"ဘယ်ကညီအစ်ကိုရမှာလဲဗျာ၊ကိုကိုက ကျွန်တော်နဲ့လက်ထပ်ထားပြီး ကျွန်တော့်ရဲ့တစ်ဦးတည်းသော ခင်ပွန်းပါ ဟုတ်တယ်
မလား ကိုကို~"

ယူဂျင်းက ရွှင်မြူးတက်ကြွစွာဖြင့် ဂယူဗင်းအား ပိုင်ဆိုင်ကြောင်းကို စကားလုံးများဖြင့် ဖော်ထုတ်ပြောဆိုသည်။ပုံမှန်နဲ့မတူတဲ့ အရောင်လက်နေတဲ့မျက်လုံး၀ိုင်းလေးတွေဟာ အင်မတန်မှ ချစ်စရာကောင်းလှပေသည်။

"ဟင်!ဪ အင်း ဟုတ်...ဟုတ်တယ်။ကိုယ်က ယူဂျင်းရဲ့ခင်ပွန်းပါ။"

ကိုကိုတဲ့!ကိုကိုတဲ့....!!!ဂယူဗင်းနားကြားမှားတာမဟုတ်ဘူးမလား။ယူဂျင်းက သူ့ကို ကိုကိုလို့ခေါ်လိုက်တယ် ပြီးတော့ ခင်ပွန်းလို့လည်း ပြောလိုက်သေးတယ်။အံံ့ဩလွန်းလို့ပျော်ဖို့တောင်မေ့သည်။

"ဪ ဟုတ်လား လိုက်သားပဲ။
အစ်ကိုဂယူဗင်းတော့ချစ်စရာကောင်းတဲ့လူကိုပိုင်ဆိုင်ထားတာပဲဗျာ။"

ဂျောင်ထယ်အန်းက မျက်နှာအမူအရာကိုထိန်းရင်း ဂယူဗင်းကိုပြုံးကာ စကားတွေပြောနေပေမဲ့ ရင်ထဲမှာတော့ထိုသို့ဟုတ်မနေခဲ့ပါ။တစ်ခဏလေးအတွင်းမှာတောင် သူ့အတွက် အခွင့်အရေးရှိမနေခဲ့တဲ့အတွက်
နှလုံးသားတစ်ခုလုံးကြေမွသွားသလိုပါပင်။

𝑬𝒗𝒆𝒏 𝑰𝒇 𝑰'𝒍𝒍 𝒃𝒆 𝒃𝒐𝒓𝒏 𝒂𝒈𝒂𝒊𝒏,𝑰'𝒍𝒍 𝒄𝒉𝒐𝒐𝒔𝒆 𝒐𝒏𝒍𝒚 𝑼Where stories live. Discover now