Unicode Version~
"အခု ဘာလုပ်နေတာလဲ....."
"ဟင် ယူဂျင်းလေး....!!"
သူငယ်ချင်းတွေနဲ့ချိန်းထားလို့ရောက်လာခဲ့တဲ့ဒီနေရာဟာ ယူဂျင်းအတွက် တိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်ရတာက ဒီလိုမြင်ကွင်းတဲ့လား....
ယူဂျင်းက ဒေါသထွက်လွန်းပြီး အံကိုကြိတ်ကာဖြင့် ခြေလှမ်းကျဲတွေနှင့် ဂယူဗင်းတို့အနားကို ရောက်လာခဲ့သည်။
"အ့!"
"ခင်ဗျားဘာလုပ်တာလဲ ဂျောင်ထယ်အန်းရှီး...ဟမ်!"
"ဟက်!မင်းတောင် သူ့ကိုမချစ်ဘဲနဲ့ ဘာတွေ၀င်ပါနေတာလဲ.....မင်းမဟုတ်ဘဲ ငါက အစ်ကို့ကိုအများကြီးပိုချစ်ပေးနိုင်တယ်ဆိုတာသိလား။"
"စောက်ရေးမပါတာတွေလာမပြောနဲ့။
သူက ငါ့လင်၊ငါ့ယောင်္ကျား ပြီးတော့ ငါ့ကိုကို!"*ပြွတ်စ်!* *အု!"
ဒေါသတကြီးပြောလိုက်တဲ့ စကားအဆုံးမှာ ဂယူဗင်းရဲ့လည်ပင်းတွေ လက်ချောင်းလေးတွေနဲ့ သွယ်ယှက်ယူကာ နှုတ်ခမ်းတွေကို
အပေါ်အောက်လှည့်ကာကြမ်းတမ်းစွာနမ်းလိုက်သည်။သို့သော် အတွေ့အကြုံနုတဲ့ကောင်လေးရဲ့ အနမ်းဟာ ပြင်းပြနေတာမျိုးမဟုတ်ဘဲ ဂယူဗင်းအတွက်တော့ နူးညံ့နေသည်။ခုနကနဲ့မတူဘဲ ယူဂျင်းလေးနမ်းမှ ပိုချိုမြိန်ပြီး ရင်ခုန်ရတဲ့ အနမ်းတွေဟာ
လှိုက်လှဲစရာတွေပြည့်နှက်နေသည်။"အိမ်ပြန်မယ်....!!"
"ခဏ ကိုယ့်ကား..."
"ကျွန်တော့်မှာပါတယ်။အလုပ်ကလူတွေပါတယ်မလား တစ်ယောက်ယောက်ကိုယူလာခိုင်းခဲ့လိုက်။ပြီးတော့ ခင်ဗျား...နောက်ဘယ်တော့မှ ကျွန်တော့်ကိုကိုကို ဒီလိုမပြုမူပါနဲ့။ကျွန်တော်တို့က အိမ်ထောင်ဖက်တွေဖြစ်ပြီး ခင်ဗျားက အပြင်လူမို့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကို ခင်ဗျားဝေဖန်ပိုင်
ခွင့်လည်းမရှိဘူး။"ယူဂျင်းက အရင်ကထက်တောင် ပိုပြီး ပြောရဲ
ဆိုရဲလာသလို ဆိုင်ကြောင်းပိုင်ကြောင်းလည်း ထုတ်ပြတတ်လာသည်။ဒါက
ဂယူဗင်းအတွက် မျှော်လင့်ချက်လမ်းစလေးများဖြစ်နေမလား....
YOU ARE READING
𝑬𝒗𝒆𝒏 𝑰𝒇 𝑰'𝒍𝒍 𝒃𝒆 𝒃𝒐𝒓𝒏 𝒂𝒈𝒂𝒊𝒏,𝑰'𝒍𝒍 𝒄𝒉𝒐𝒐𝒔𝒆 𝒐𝒏𝒍𝒚 𝑼
FanfictionGyuvin:ကိုကိုက အမြဲချစ်ခဲ့ပါတယ် ကလေးငယ်... Yujin:ကျွန်တော့်ဘ၀ကို ခင်ဗျားဆန္ဒတစ်ခုတည်းနဲ့အရယူခဲ့တာ... Gyujin Fanfiction~