Unicode
အပိုင်း ၉
" သူက Mr.ကျန်း လက်ထပ်ထားတဲ့ ကောင်လေးလား! .... နင်ဘာလို့ သူပါလိုက်လာမှာဆိုတာ မပြောခဲ့တာလဲ တကယ်အသုံးမကျဘူး "
လုချိုင်ယန်က သူ့လက်ထောက်ကို အပြစ်တင်လိုက်သည်။ သူမက ချန်ဖုန်းတို့ဝင်လာကတည်းက ရှန်းကုကိုအကဲခတ်နေခဲ့တာဖြစ်တယ်။
ရှန်းကုပုံက သူကြားရတဲ့သတင်းတွေ ထပ်တောင်ငယ်ပုံရပြီး ဝတ်စားလာပုံအရ ကလေးအထာနဲ့ကောင်လေးဆိုကာ ခပ်ပေါ့ပေါ့တွက်ထားလိုက်တယ်။
ဒါမဲ့ ဘယ်သိမလဲ မြေခွေးကောင်လေးဖြစ်နေမယ်ဆိုတာ!!
ကျန်းချန်ဖုန်းရဲ့အလိုလိုက်တဲ့ ပုံကသူမကို ပိုပြီးစွဲလန်းလာစေတယ်။ သူမ သိတာကတော့ တစ်ဆင့်ခြင်းဖြေးဖြေးတက်သင့်တယ် ဆိုတာကိုပင်။
..................................ရှန်းကု လုချိုင်ယန်ရဲ့စိတ်ပျက်စွာ ပြန်သွားရသည့်ပုံကြောင့် အလွန်ကျေနပ်နေလေရဲ့။
နေကာမျက်မှန်ကြီးနဲ့ သူ့ချန်ချန်ဘက်ကို လှည့်ကြည့်လိုက်တယ်။
Shit မဲမှောင်နေတာပဲ့။
သူမျက်မှန်ပြန်ချွတ်လိုက်တယ်။ ထို့နောက် သာယာနေတဲ့စိတ်လေးနဲ့ ကျန်းချန်ဖုန်းနဘေး ခုန်ပေါက်ပြေးသွားလိုက်သည်။ ချန်ဖုန်းနဲ့ စကားပြောနေတဲ့သူက ချန်ဖုန်းနဲ့အသက်အရွယ်တူသူဖြစ်ပြီး အလွန်ကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်။
ဘယ်နေရာကကြည့်ကြည့် ငါ့ချန်ချန်ကိုလိုက်မှီသလိုပဲ့။
ရှန်းကုလေးက ရုပ်ရည်ကို အလွန်အလေးထားကြည့်နေလေရဲ့။
ချန်ဖုန်းမှာ သူ့ကလေးတစ်ခြားတစ်ယောက်ကို စူးစိုက်ကြည့်နေတာကြောင့် ဂျယ်လီတွေ အတုံးလိုက်နင်နေတော့သည်။ ထိုသူကလည်း ရှန်းကုကြည့်နေတာသိတော့ ပြုံးလျက်နှုတ်ဆက်လာသည်။
" ဟဲလို ... ကျွန်တော်ကချန်ဖုန်းသူငယ်ချင်း ပိုင်ယွမ်ချင်းပါ။ ဒီက ရှန်းကုကုဖြစ်မယ်။ "
ရှန်းကု ချန်ဖုန်းကိုကြည့်တော့ မျက်နှာမှုန်ကုတ်ကြီးနဲ့ ကြည့်နေတာကို တွေ့လိုက်တယ်။
![](https://img.wattpad.com/cover/319219323-288-k359384.jpg)
YOU ARE READING
Am I the mafia's wife?
FantasyZaw and Uni ရှန်းကု ဆိုတဲ့ကောင်လေးက သေဆုံးသွားပြီးနောက် အပြိုင်ကမ္ဘာတစ်ခုမှာ ပြန်လည်ရှင်သန်လာခဲ့တယ်။ ဒါမဲ့သူက လူတစ်ယောက်ကို ကလိမ်ကကျစ်နည်းနဲ့ အပိုင်ယူထားခဲ့ပြီး လူအများရဲ့မုန်းတီးခြင်းခံနေရတဲ့ ရှန်းကု နေရာမှာနှိုးထလာခဲ့ရတယ်။ #ShawMimi #XiaoMiWang #...