This part is included a little warning!!!!
°ကိုယ့်အပိုင်ဖြစ်တဲ့မင်းကိုတခြားလူတွေရဲ့အကြည့်တစ်ချက်တောင်မညိစွန်းစေချင်တဲ့အထိမြတ်နိုးမိတယ် ဒေစီငယ် °
••••••••••••••••••••••••••••••••
Jamesနိုးလာတော့ညနေပင်စောင်းနေလေပြီ။အပျင်းကြောဆန့်လိုက်ပြီး အခန်းထဲတွင်တိတ်ဆိတ်နေသောကြောင့် ကိုကို့ကိုခေါ်ကြည့်လိုက်သည်။
ကြည့်ရတာ ညပွဲအတွက်ပြင်ဆင်နေသည်ဖြစ်မည်။သူလဲလိုက်သွားရန် ပြင်ဆင်ဖို့လုပ်လိုက်တော့သည်။
Jamesရေချိုးနေတုန်းNetတစ်ယောက်အခန်းထဲသို့ပြန်ရောက်လာသည်။
အိပ်ယာပေါ်ကိုကြည့်တော့ကလေးငယ်ကိုမတွေ့၊ရေချိုးခန်းထဲမှာရေသံကြားနေရတာမို့ရေချိုးနေတာထင်သည်။
Netတစ်ယောက်jamesထွက်အလာကိုစောင့်ပြီးပုန်းနေလိုက်ပြီးမကြီးမငယ်နဲ့သူ့ကလေးငယ်ကိုစမလို့ပင်။မှန်းချက်နဲ့နှမ်းထွက်မကိုက်တာကတော့ကလေးငယ်ထွက်လာတဲ့အချိန်မှာပင်။
Towerတစ်ခုထဲကိုသာခါးအောက်ပိုင်းမှာပတ်ထားပြီး ညှပ်ရိုးလေးများနဲ့ရင်ဘတ်ဖြူဖြူလေးပေါ်တွင်ရေများကစကျနေသည်။
ခေါင်းလျှော်ထား၍ရေစက်ကလေးများကတစ်စက်ချင်းကျနေသေးသည်။Netနှာခေါင်းပင် ကျိန်းသွားသဖြင့်နှာခေါင်းသွေးများလျှံနေပြီလားဟုပြန်စမ်းကြည့်ရသေးသည်။
ကလေးငယ်ကိုစရန်ပြင်ရာမှသူ့ဘာသာသူဒုက္ခပေးလ်ိုက်မိသလိုတစ်ကိုယ်လုံးထူပူသွားတော့သည်။
အ၀တ်ရွေးနေတဲ့ကလေးငယ်ဆီတိုးကပ်သွားပြီးတော့ဖက်လိုက်တော့လန့်သွားပုံရတဲ့ကလေးငယ်ကတုန်ပင်တုန်တက်သွားသည်။
°ကလေးငယ် လန့်သွားတာလား ကိုယ်တောင်းပန်ပါတယ်နောိအာ့လောက်လန့်သွားမယ်မထင်လို့ °
°အခန်းထဲမှာဘယ်သူမှမရှိဖူးထင်လို့လန့်သွားတာ °
°အင်းကလေး°
ပါးစပ်ကသာ အင်းကလေး လုပ်နေပေမယ် လက်တွေကအငြိမ်မနေပေ။တစ်ကိုယ်လုံးက်ိုသိမ်းကျုံးဖက်ထားပြီး jamesလည်တိုင်ကို တရှုံ့ ရှုံ့ နမ်းနေတော့သည်။
YOU ARE READING
°°My Lovely Daisy°° (NETJAMES)
FanfictionPossessive/ Married life / Romance / Drama Boy love Fiction Net- Siraphop & James- Supamongkon Mafia Daddy😎 & His Lovely Baby🥺 Started Date - 3 • 5 • 2023 Ended Date - Fan fic အဖြစ်သာရေးသားထားခြင်းဖြစ်သည်မည်သည့်တစုံတယောက်ကိုမျှထိခိုက်လိုစိတ်...