°°Chapter-11°°

235 26 0
                                    

°ကိုယ့်အတွက်သိပ်အများကြီးမလိုအပ်ဖူး ကိုယ့်ဘေးမှာကိုယ့်ကိုအမြဲပြုံးပြနေပြီးချစ်ပေးနေမယ့် မင်းလေးတစ်ယောက်တည်းနဲ့လုံလောက်ပါတယ် ဒေစီငယ် °

•••••••••••••••••••••••

သူတို့သွားတဲ့အချိန်ကဆောင်းတွင်းဖြစ်နေတာမို့လို့လေယာဥ်က Koreaနိုင်ငံထဲစရောက်ပြီဆိုနဲ့ ဆိမ့်ပြီးအေးလာတော့သည်။

သူဖက်ထားတဲ့စောင်ပုံလုံးလေးက အေးပြီးကွေးနေကာရင်ခွင်ထဲအတင်းတိုး၀င်လာတာမို့လို့ ဆွဲဖက်လိုက်ပြီး အသဲတယားယားနဲ့ အိပ်ပျော်နေတဲ့ကလေးငယ်ရဲ့မျက်နှာလေးကိုကြည့်နေလိုက်သည်။

သိပ်မကြာခင် ရောက်တော့မယ်လို့ လေယာဥ်မှူးကလာပြောသဖြင့် အအိပ်မက်နေသောကလေးပေါက်ကိုနှိုးရန်ပြင်ရတော့သည်။

°ကိုယ့်ကလေးငယ်လေးရေ ထတော့လေ ရောက်တော့မယ် °

°5 mins ပဲကိုကို 5minsပဲ °

တဖြည်းဖြည်းနဲ့သူ့အပေါ်ဖော်ပြလာတဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့် သူ့မှာချစ်ပြီးရင်းချစ်ဖြစ်နေရတော့သည်။

°အဟက် ဟုတ်ပါပြီကလေးပေါက်ရေ ၅မိနစ်ပဲနော် °

°ဟုတ် °လို့ဆိုကာအတင်းတိုး၀င်လာပြန်သည့်အကောင်ပေါက်လေးက သူ့ရ​ဲ့ချစ်ဖို့ကောင်းနေမှု့ကိုမသိတာဘဲလား မသိချင်ယောင်ဆောင်နေတာလားမသိပေ Netရဲ့သမာဓိကိုစမ်းပြီးရင်စမ်းနေတော့တာပင်။

°၅မိနစ်ပြည့်ပြီ ကိုယ့်ကလေးလေးရေ°

°ဟင်မြန်လိုက်တာ°

နှုတ်ခမ်းဆူပြီးထပ်ရစ်ချင်သေးပုံရတဲ့ကလေးငယ်ကို အသဲယားလာတာကြောင့် ပါးလေးကိုလက်နဲ့ညှစ်လိုက်ပြီး ဆူထွက်လာတဲ့ နှုတ်ခမ်းလေးပြွတ်ခနဲနမ်းလိူက်တော့သည်။

ထိုအခါမှမျက်လုံးလေးပြူးသွားပြီးအပြည့်အ၀နိုးလာတဲ့ကလေးငယ်က ရှက်သွားပုံရပြီး မျက်နှာလေးတစ်ခုလုံးရဲတက်လာတော့သည်။

သူ့ကလေးငယ်ရဲ့ချစ်စရာကောင်းတဲ့အပြုအမူ လေးတွေကဘယ်အချိန်ချိန်ကြည့်ကြည့် သူ့အတွက် လှပတဲ့ပန်းချီးကားလေးတွေလိုပင်။

°°My Lovely Daisy°° (NETJAMES)Where stories live. Discover now