°မင်းလေးအပေါ်ထားတဲ့ကိုယ့်အချစ်တွေကအဆုံးမရှိအောင်ကြီးမားလာတာပဲရှိမှာပါ ပြောင်းလဲမသွားဖူး မျက်စိမှိတ်ယုံလိုက်ပါ ဒေစီငယ်°
••••••••••••••••••••••
ဘာလိုလိုနဲ့ထိုတစ်ပတ်ဆိုသောအချိန်သည်ခနတာလေးလိုပင်မနက်ဖန်ဆိုရင်ကိုကိုနဲ့ကျွန်တော့်လက်ထပ်ပွဲနေ့ပင်၊
James သူရဲ့ဆုံးဖြတ်ချက်မှန်မမှန်လဲအခုထိေ၀ခွဲမရသေးပေ။ဒါပေမယ့်ကိုကိုကသူ့ကိုတကယ်ချစ်ပုံတော့ရပါသည်။ဒီလိုပါပဲနှလုံးသားနဲ့ဦးနှောက်ယှဥ်ရွေးတဲ့အခါသူ့နှလုံးသားကိုဦးစားပေးလိုက်သည်။
အာ့လောက်အထိသူကိုကို့ကိုချစ်မိနေပေသည်။အချစ်ဆိုတာလည်းရုတ်တရက်ရောက်လာပြီးမြင်မြင်ချင်းချစ်မိတာကံတရားလိုပင်ထူးဆန်းလှပေသည်။
ဘာဖြစ်ဖြစ်သူကိုကို့အပေါ်ကိုကောင်းပေမည်၊ဂရုစိုက်ပေးမည်၊ချစ်ပေမည်၊ ချစ်တယ်လို့မပြောတာလေးတစ်ခုပဲရှိမှာပါ။ ထိုစကားကိုတော့သူပြောဖို့အချိန်ယူရန်လိုနေသေးသည်။
Net Company,
°Tor မနက်ဖန်အတွက်သေချာစီစဥ်ထားရဲ့လား ဘာအမှားအယွင်းမှအဖြစ်မခံဖူးနော် ငါ့မင်္ဂလာပွဲမှာ°
°ဟုတ် Boss သေချာစီစဥ်ထားတယ်°
°ပြီးတော့ Babyကိုမသိစေနဲ့ ငါ့အမှောင်ဘက်ခြမ်းကို ငါလုပ်နေတဲ့တရားမ၀င်ကိစ္စတွေလဲမသိစေချင်ဖူး မနက်ဖန် အာ့ဖက်ကကောင်တွေလာမနှောက်ယှက်နိုင်အောင်လုပ်ထား Babyလုံခြုံရေးကအဓိကပဲ°
°ဟုတ်ကဲ့°
°အာ့ဆိုညကြရင်ငါတို့ကမ်းခြေကိုသွားမယ်လေယာဥ်ကိုအဆင်သင့်ပြင်ထားတော့°
°အခုပဲသွားလိုက်ပါမယ်°
သူ့မှာအန္တရာယ်တွေကပတ်လည်၀ိုင်းနေပြီးမနာလိုတဲ့လူတွေကသူ့ရဲ့အားနည်းချက်ကိုအမြဲလိုက်ရှာနေကြပင်။
Babyကိုအန္တရာယ်ကြားထဲဆွဲခေါ်မိမှာလဲကြောက်သည်။ဒါမဲ့သူ့အသက်ဘေးမှမလွတ်ရင်တောင်Babyကိုရအောင်ကယ်မှာပင် ။အထိအခိုက်တစ်ခုလေးတောင်အဖြစ်မခံနိုင်ပေ။
YOU ARE READING
°°My Lovely Daisy°° (NETJAMES)
FanficPossessive/ Married life / Romance / Drama Boy love Fiction Net- Siraphop & James- Supamongkon Mafia Daddy😎 & His Lovely Baby🥺 Started Date - 3 • 5 • 2023 Ended Date - Fan fic အဖြစ်သာရေးသားထားခြင်းဖြစ်သည်မည်သည့်တစုံတယောက်ကိုမျှထိခိုက်လိုစိတ်...