1:

110 11 2
                                    

Ti Ti Tiiiiiii~

၇နာရီမှာထမြည်လာတဲ့ alarm ကို ကောက်ပိတ်ရင်း တက္ကသိုလ် ပထမဆုံးတက်ရက်အတွက် ပြင်ဆင်ရန် နိုးလာခဲ့တယ်..

Wantanabe Haruto ရဲ့ဘဝကြီးဟာ ထူးဆန်းမှုရယ်လို့မရှိပါ သာမန်ပါပင်

အဖေမရှိတော့တည်းက အမေနဲ့ နှစ်ယောက်အတူ နေလာခဲ့တာ ခုဆို ၁၀နှစ်တောင် ရှိခဲ့ပြီ အဖေဆုံးပါးသွားတာ သူ ၁၁ နှစ်အရွယ်တည်းက..

အဖေဟာ ကိုရီးယား အမေက ဂျပန်လူမျိုး
သူကတော့ ၂၁နှစ်အရွယ်ကပြားတစ်ယောက်
အဖေဆုံးကတည်းက ဂျပန်မှာမနေတော့ဘဲ သားမိနှစ်ယောက် ကိုရီးယားကို ပြောင်းလာခဲ့ကြသည်လေ..

_____

ဒေါက် ဒေါက်..

"သား ruto သားရေ နိုးပီလား"

"ဟုတ် နိုးနေပီ အမေ" ဟူ၍ အခန်းထဲက
ပြန်ပြောသည်

ပထမဆုံး တက္ကသိုလ် တက်ရက်ဖြစ်သည်
ဗိသုကာဌာနကို အမှတ်မှီ၍ ထိုဌာနမှာ တက်ရမည်

"အော် သား လာပြီလား ထိုင် မနက်စာစားရအောင်"

"ဟုတ် အမေ"

"အမယ်လေး အမေ့ သားလေးက ချောလာ
လိုက်တာ တစ်နေ့နဲ့တစ်နေ့တောင် မတူတော့ဘူး"

" ဟား အမေကလည်း မြှောက်နေပြန်ပါပီ အမေတူသားမို့လို့နေမှာပဲ ကျွန်တော် ချောတာကလည်း"

"အမယ်" တတ်နေတာ ကိုHaruto တို့ကတော့"

အမေ့ကိုအပြုံး ချို"လေးတွေဖြင့် ဟီးခနဲ
ပြန်ရီပြရင်း

ထိုအပြုံးများသည် သူ့အမေနဲ့ Jeongwoo သာ မြင်ရသော အရာများဖြစ်သည်

~~~~

ring ring~

"hello ပြော jeongwoo"

"မင်းမလာသေးဘူးလား ငါတောင် ဝန်းထဲရောက်နေပြီကွ"

"လာပါမယ်ကွာ စောပါသေးတယ် မနက်စာ ဖြောင့်"စားပါရေစေ"

"မြန်" စားပြီးလာ ကောင်မလေးတွေက ချောသလားတော့မမေးနဲ့ မင်းကိုပြချင်လို့ကွ"

"တော်" ငါကစိတ်မဝင်စားဘူး မင်းပဲ
ကြည့်နေလိုက် နှာဘူးရ"

ဖုန်းကိုချလိုက်ရင်း

Till the end -Where stories live. Discover now