မျက်စိနှစ်လုံးဖွင့်ပြီး ကုတင်ပေါ်ကို လှမ်း
ကြည့်မိတော့ ချစ်လှစွာသောလေး မရှိတော့ သပ်ရပ်နေသော အိပ်ယာခင်းကြီးသာ
ချက်ချင်းကမန်းကတန်း ကောက်ထရင်း"ဟာ အကို အစောကြီးထ
ပြန်သွားတာလား""အမေ အမေ့ အမေရေ"
အိပ်ပေါ်မှ အော်ပြီးအိမ်ပေါ်ထပ်မှဆင်းလာ
ပါသော ကမ္ဘာပျက်နေသော သားဖြစ်သူ"ဘာတုန်း ကို haruto ရေ
တကယ်အော်နေလိုက်တာများ ဘာများဖြစ်
လို့လဲ ""အမေ အကိုပြန်သွားတာလား"
"အင်း ဟုတ်တယ် junkyu လေးက
အစောကြီးပြန်သွားတာ အိမ်မှာ ယူစရာ
ပစ္စည်းလေးရှိနေသေးလို့ဆိုပြီး အမေ့ကို
ကျေးဇူးတင်ကြောင်းပြောပြီး ပြန်သွားတာပဲ"*ဟာ သွားပါပြီ စိတ်ကူးထားတာလေးတွေ
တော့ သွားပြီ အကို့ကို အပြင်မှာ မနက်စာ
လိုက်ဝယ်ကျွေးမယ်ဆိုတာလေးရော
အကို့မျက်နှာလေးကို ကြည့်ပြီး အိပ်ယာကနိုးရမှာဆိုတာလေးရော...အကိုဆိုးတယ်ဗျာ*"အင်းပါ အမေရယ်
သားရေမိုးချိုးတော့မယ်""ဟုတ်ပါပြီကွယ် အမေ မနက်စာ ပြင်ထား
ပေးမယ်""ဟုတ်...."
______
တက္ကသိုလ်ရောက်တော့ အကို့ကိုရှာတာ
လည်းမတွေ့ ကြည့်ရတာ အတန်းတက်နေပြီထင်ပါ့ကိုယ်တိုင်လည်း အတန်းစီသာ သွားလိုက်ရ
သည်သူနဲ့အတူဝင်ထိုင်တာတောင်မှ Jeongwoo က အဖက်မလုပ်ပေ
"ယျောင့် Jeongwoo"
ပြန်မထူးပေ
"ယျောင့် နားလေးနေတာလား"
စာအုပ်ကိုသာအာရုံစိုက်နေပုံရ
"အော် အချစ်ကလေးက စိတ်ကောက်နေတာကိုး"
"ချီး ကို အချစ်!"
"မင်းကလည်းပြောလေ မင်းဘာဖြစ်နေတာလဲဆိုတာ"
"မင်းတောင်ငါ့ကိုအဖက်မလုပ်တာ ငါကဘာလို့အဖက်လုပ်ရမှာလဲ"
"အမ် ငါမင်းကိုအဖက်လုပ်ပါတယ် ဘာလို့
တုန်းကွ"