Unicode 🌻
Chapter (98) Extra Story 2 (ကိုကို့ရဲ့ သတိုးသမီးလေး) 🌻
ချီပေါ်ယန်မှာ ကျီးဝမ်၏အသံကိုကြားနေရပါလျှက်နှင့် ဘယ်လိုကြောင့်များ ရိုးသားနိုင်တော့မည်နည်း။ သူ၏မျက်လုံးများကို ဖွင့်ကြည့်သည့်အခါ မြင်ကွင်းရှေ့သို့ရောက်လာသည့် ခေါင်းဆောင်းပုဝါပါးကြောင့် တခဏမျှမှင်သက်လို့သွားရသည်။
ကျီးဝမ်သည် ပုဝါကို ချီပေါ်ယန်၏ခေါင်းပေါ်သို့လွှားတင်ပေးလိုက်ခြင်းဖြစ်ပြီး ချီပေါ်ယန်မှာ ထိုဝိုးတဝါး ပုဝါပါးကိုဖြတ်၍ အရှေ့ရှိ ကျီးဝမ်၏ ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရသည်။
အမှန်အတိုင်းဆိုရလျှင် အချိုးအစားကျပြီး သန်မာသည့် ခန္ဓာကိုယ်ပုံစံမျိုးနှင့် ထိုသို့သော အလွန်အမင်း မိန်းမဆန်သည့်အဝတ်အစားမျိုးနှင့်မလိုက်ဖက်လှပေ။
သို့သော် အကြည့်တစ်ချက်တည်းနှင့်ပင် ချီပေါ်ယန်၏ နှာခေါင်းရိုးတစ်လျှောက် ပူထူလို့လာသည်။
အခြားသော အကြောင်းကြောင့်မဟုတ်ပဲ ကျီးဝမ်၏ ပုံရိပ်မှာ အလွန်မှနှစ်လိုဖွယ်ဖြစ်ကာ ရင်ဘက်မှာလည်း အတော်အတန်ပြည့်တင်းလို့နေသည်။ ဖောင်းကြွနေသည့် ရင်ဘက်ကြွက်သားများအား လက်ပြတ် အင်္ကျီဆိုဒ်အသေးအရွယ်နှင့်တူညီသည့် အဖြူရောင်ဇာပါးကဖုံးအုပ်ထားသည်။ ထို့အပြင် အလယ်၌ ခပ်မှိန်မှိန် အနက်ရောင်အရိပ်ကပါ ထပ်ဟပ်လို့နေသေးသည်။
အောက်ဘက်ကိုဆက်၍ ဆင်းကြည့်သည့်အခါတွင် ကျီးဝမ်၏ပေါင်းအရင်းပိုင်းအတွင်းသားများမှာ လေထဲ၌ ဗလာကျင်းထွက်ပေါ်လို့နေလျှက်ရှိသည်ကိုတွေ့ရပြီး အဝတ်ပါးမှာ ခန္ဓာကိုယ်အား လုံလုံခြုံခြုံရှိမနေပဲ မလုံ့တလုံ့သာ ဖုံးအုပ်ပေးထားနိုင်ပြီး ထိုအသွင်သဏ္ဍာန်ကပင် လူအများအားပို၍ တပ်မက်မှုကိုဖြစ်ပေါ်စေသည်။
ချီပေါ်ယန်သည် ထိုသို့ပုံစံမျိုးဖြင့် ကျီးဝမ်အား တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။ ကျီးဝမ်သည် ချီပေါ်ယန် ငယ်စဉ်က မြင်မက်ခဲ့ဖူးသည့် ရင်ဖိုစိတ်လှုပ်ရှားဖွယ် နွေဦးအိမ်မက်ထဲမှ ခုန်ထွက်လာသကဲ့သို့ပင်။
YOU ARE READING
Give Up (詬病) 🌻[MM translation U/Z ] (Completed)
RomanceTitle - Give Up (詬病) Author(s) - Chi Zongzha /池总渣 Status in COO - 96 Chapters + 9 (Extras+Special Chapters) Myanmar Translation - Complete This is just a fun translation. I don't own this story. All credit to original author Unicode 🌻 "ချီပေါ်ယန်...