Chapter (34)

6.3K 1K 22
                                    

Unicode 🌻

ကျီးဝမ် ဒုတိယမြောက်မြှားအား လေးတံမှ ပစ်လွှတ်တော့မည့်အချိန်၌ သူ၏လက်မောင်းတစ်ဖက်သည့် နိမ့်ကျသွားကာ သွမ့်ယင်ယွီက သူ့ပုခုံးအား ပုတ်လိုက်ခြင်းဖြစ်သည်။

အသည်းနှလုံးမရှိသည့် သွမ့်ယင်ယွီသည် ကျီးဝမ်၏လက်မောင်းအား လှမ်းရိုက်လိုက်သည် " ဘာဖြစ်နေတာလဲ... အစ်ကိုပုံစံက ထူးဆန်းနေတယ်... ပြီးတော့ နောက်ထက် ပစ်မှတ်ကိုလည်း ထိသွားပြန်ပြီ"

ကျီးဝမ်သည် ရိုက်ပုတ်ကာ ဆွဲခေါ်ခံနေရပြီး သူ၏လက်ထဲမှ ပစ္စည်းများကြောင့် သွမ့်ယင်ယွီအား ထိခိုက်မိသွားမည် စိုးသဖြင့် လက်ထဲမှ ပစ္စည်းကိရိယာများအား အောက်သို့ချလိုက်ကာ သူကိုယ်တိုင်ကတော့ သွမ့်ယင်ယွီ၏ ဘေးသို့ဆွဲခေါ်ခြင်းခံလိုက်ရ၏။

သွမ့်ယင်ယွီသည် ယခုတွင်တော့ အသည်းနှလုံးမရှိသူ မဟုတ်တော့သလိုပင်။ ထိုအစား သူ၏ မိုက်ခရိုဖုန်းအသေးလေးအား လက်ဖြင့်ဖုံးအုပ်ထားလိုက်ကာ ကျီးဝမ်အား ခပ်တိုးတိုးပြောလာသည် " အစ်ကို ရှိုးမှာ အနိုင်ချင်တယ်ဆိုတာ ကျွန်တော်သိပေမယ့်.... အခုလိုပုံစံမျိုးနဲ့ဆိုရင် အစ်ကိုချီရဲ့ ပရိသက်တွေက အစ်ကို့ကို ဝိုင်းပြီးတိုက်ခိုက်ကြလိမ့်မယ်နော်"

သူ၏မျက်လုံးများက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေကာ သတိပေးစကားသည် စိတ်ရင်းအမှန်ပင်ဖြစ်လို့နေသည်။ ယခုလို နွေးထွေးလှသည် အခိုက်အတန့်မျိုးသည် အနုပညာလောကတွင်အလွန်ရှားပါးလှသည်။ ပုံမှန်ဆိုလျှင် လူအများစုသည် ဘေးနားတွင်သာရပ်ကြည့်နေလေ့ရှိပြီး ယခုလိုသတိပေးချက်မျိုးအား ထုတ်ပြောမည်မဟုတ်ပေ။

ကျီးဝမ်သည် ထိုသတိပေးချက်အား အဆင်သင့်စွာလက်ခံပြီး အေးအေးဆေးဆေး နှစ်သိမ့်ပေးလိုက်သည် - "ရပါတယ်... စိတ်မပူပါနဲ့"

သွမ့်ယင်ယွီက ခေါင်းခဲနေရသည်။ ယခုရသစုံရှိုးအား ထုတ်လွှင့်သည့်အချိန်တွင် ဒီအစ်ကိုသည် ထပ်၍နာမည်ကြီးလာဦးမည်ဖြစ်သည်။ ကျီးဝမ်တွင် မရေရာသည့် အရှိန်တစ်ခုရှိကာ သူ့အား မြှောက်ပင့်နေစရာမလိုသော်လည်း နှိမ့်ချကာမဆက်ဆံသင့်ဟု သွမ့်ယင်ယွီ၏မန်နေဂျာက ပြောပြခဲ့ဖူးသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Où les histoires vivent. Découvrez maintenant