အရှိန်ပုံမှန်ဖြင့်မောင်းနှင်းလာသော ကားတစ်စင်းသည်၊မဟာစံအိမ်တော်ရှေ့တွင်ရပ်ကာ ခြံအတွင်းသို့လှမ်းကြည့်လိုက်သည်။
စံအိမ်တော်သည် ကြီးကျယ်ခမ်းနားပြီး ရှေးရိုးဆန်တဲ့အိမ်ပုံစံဟု မှတ်ချက်ချရမည်။ ခြံရှေ့တွင်လည်နှစ်ဖက်စလုံးကို ပန်းပင်၊သစ်ပင်များဖြင့် ပန်းခြံသေးသေးရှည်ရှည်လေး ပြုလုပ်ထားသည်။သစ်ပင်ဆိုသည်ကာလဲ အုပ်အုပ်စိုင်စိုင်မဟုပဲ အလှစိုက်အုန်းပင်သာဖြစ်သည်။
အင်း...ဒါသက်ပန်းလက်ရာဆိုတာ ဘယ်သူမှမပြောလည် ကျွန်တော်သိသည်။ခြံတွင်း၌လည် လျောက်လမ်းတစ်ခုပြုလုပ်ထားပီးဘေးပတ်လည်တွင် မြတ်ခင်းများစိုက်ထားသည်။အင်း..စံအိမ်တော်က အရင်တိုင်းပဲ ဘာမှကိုမပြောင်းလဲသေး။တီ...တီ..........
ကားဟွန်းသီးသံကြားတော့ ခြံထဲက လူတစ်ယောက်ပြေးလာသည်ကိုမြင်ရသည်။ပြေးလာသောသူသည်
လူကြီးပိုင်းလောက်ဖစ်မည်။အရပ်ဒေါင်ဒေါင်မောင်းမောင်းရှိပြိီး၊ခန္ဓာကိုယ်အချိုးစားကမှာလည်းဝတဲ့ထဲပါသောလည်းကြည့်ကောင်းသည့်ဟုဆိုရမည်။အာ......ဦးလှသောင်းဖြစ်နေတာပဲ။ဦးလှသောင်းသည် မဟာစံအိမ်တော်တွင် အလုပ်လုပ်နေကျသောအစေခံတွေအာလုံးရဲ့ခေါင်းဆောင်ဖြစ်သလို့ ဦီးမြတ်မဟာရဲ့ ဘယ်လက်ရုံးဟုလဲဆိုရမည်။
__________
"ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျာ့"
"အာ..ဦးသောင်း၊ကျွန်တော်ကိုမမှတ်မိဘူးလား?"
"ဘယ်ကလဲလူလေးက"
"ကျွန်တော့် ကျော်ဇေရန်လေး...ဗျာ."
"အကိုလေး ဇေရန်လား"
"ဟုပါတယ်။ဦးသောင်းကျွန်တော်ကိုမမှတ်မိလို့ ဝမ်းနည်းတယ်ဗျာ...."
"ရုတ်တရက်ကြီးဆိုတော့ ဦီးသောင်းမမှတ်မိတာပါကွာ.၊ပြီးတော့ အကိုလေးက ပိုကြည့်ကောင်းလာတယ်။"
"ဟော...အဲဆိုကျွန်ေတာ်အရင်တုန်းကကြည့်မကောင်းဘူးလို့ပြောချင်တာလား ဦးသောင်း"
"မဟုတ်ရပါဘူး..အရင်ကလဲကြည့်ကောင်းပါတယ်၊
အခုကပိုချောပြီးကြည့်ကောင်းလာတာပါ။နိုင်ငံခြားပြန်ဆိုတော့၊နိုင်ငံခြားရုပ်နည်းနည်းပေါက်လာတည်နဲ့တူသည်။"
YOU ARE READING
ဘိုးငယ်လေးရဲ့ဒဏ္ဉာရီ(Ongoing)
Historical Fiction1987ခုနှစ်... စာအုပ်စင်က အိုဟောင်းနေတဲ့စာအုပ်လေးတစ်အုပ်~~ အသေချာပြောရမယ်ဆိုရင်တော့ကျွန်တော်အဘိုးငယ်လေးရဲ့စာအုပ်လေးပေါ့ စာအုပ်ကြားထဲလေးထည့်ထားတဲ့စာရွက်လေးက ကျွန်တော့်စိတ်ကိုဖမ်းစားနိုင်တယ်လို့ပြောရမည်။ အဲစာရွက်လေးထဲမှာရေးထားတာက.....