Part(1)

686 63 2
                                    

Unicode~

"သခင်လေးရှန်...!!သခင်လေးရှန်..အမယ်လေး တကယ်ပဲ ဘယ်ရောက်သွားပြန်ပြီလဲတော်...ဦးလေးဂင်ရေ သခင်လေးကိုတွေ့မိသေးလား!"

"တွေ့ပါဗျာ...အိမ်တော်ရဲ့ အုတ်နံရံကို
ခဲရခဲဆစ် တက်ပြီး ပြေးသွားပြီ။"

"ဘယ်လို!ဦးလေးဂင်ကတွေ့တာကို မတားလိုက်ဘူးလား!!ဒီနေ့ သူ့ကို သင်္ချာသင်ရမဲ့နေ့ပါဆိုရှင်...!"

"အထိန်းတော်ကြီးကတော့ ခက်ပြီ၊သခင်လေးရှန် သင်္ချာနဲ့ပက်သတ်ရင် ဘယ်တုန်းကများ စိတ်အားထက်သန်ဖူးလို့လဲ။လနှစ်စင်းကောင်းကင်မှာ အပြိုင်သာတာကမှ ဖြစ်နိုင်သေးတယ်...ပြေးပါစေတော့ဗျာ။"

ရှန်ချမ်ရွေ့...ရှန်အိမ်တော်၏ နောက်ဆုံးမျိုးရိုးကိုဆက်ခံမည့် ရင်နှစ်သည်းခြာ
သခင်လေးတစ်ယောက်ဖြစ်ပြီး မိဘတွေက လိုလေသေးမရှိအောင် ထားသည့် အဖိုးတန်သားရတနာလေးဟာ အိမ်တော်မှာနေရတာ အသက်ရှူကြပ်တယ်ဟု အမြဲတစေ ဆိုတတ်ပြီး လစ်ရင်လစ်သလို နံရံကျော်ပြီး ထွက်ပြေးနေကျပဲ။ငယ်ငယ်ကတည်းက သူ့အရပ်ထက် ငါးဆလောက်မြင့်နေတဲ့ အိမ်တော်ရဲ့အုတ်နံရံအမြင့်ကြီးကို ကျော်ပြီးထွက်ပြေးခွင့်ရဖို့က သူ့အိပ်မက်ဖြစ်ခဲ့တာ...
အခုတော့ တကယ်ကိုဖြစ်လာခဲ့ပြီ။

"စိတ်ရှုပ်ပါတယ်ဆိုမှ ဒီသင်္ချာပဲသင်နေကြတယ်၊Calculatorတွေက ဘာလုပ်ဖို့တီထွင်ထားကြတာလဲ!"

ခါတိုင်းဆို ကျောင်းကိုကားနဲ့သွားနေကျဆိုပေမဲ့ ဒီနေ့တော့ အိမ်ကို သင်္ချာသင်မဲ့ဆရာမငှားထားတယ်ဆိုတာသိရတော့ အလန့်တကြားပင် ထွက်ပြေးလာခြင်းဖြစ်သည်။အထိန်းတော်ကြီးကတော့ လိုက်ရှာနေလောက်မှာ ဖြစ်ပေမဲ့ ခြံစောင့် ဦးလေးဂင်ကိုတော့ နံရံကိုကုပ်ခွတက်နေတုန်းမိသွားလို့
တဟီးဟီးနဲ့သွားဖြီးပြကာ မျက်နှာချိုသွေးခဲ့ရသည်။အိမ်တော်တစ်ခုလုံးက အလုပ်သမားတွေအကုန် သူ့ကိုကြောက်ကြ ရှိန်ကြပြီး အထိန်းတော်ကြီးနဲ့ ဦးလေးဂင်ကတော့
ချွင်းချက်ပင်ဖြစ်သည်။ပါးပါးနဲ့မာမားတို့ကရှန်ဟိုင်းမှာ စီးပွားရေးလုပ်နေကြပြီး သားဖြစ်သူ ရှန်ချမ်ရွေ့ကတော့ ကိုရီးယားက ပိုင်ဆိုင်မှုတွေထဲကတစ်ခုဖြစ်တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အိမ်တော်ကြီးမှာ အလုပ်သမားတွေခြံရံကာ သူ့ရဲ့ကိုယ်ပိုင်နေ့ရက်တွေကို
ပါးနဲ့မားတို့ မလာခင်အထိ စိတ်တိုင်းကျကိုဖြတ်သန်းနေသည်။

NO REASON TO HATE YOU ANYMOREWhere stories live. Discover now