Part(2)

567 60 0
                                    

Unicode~

"ဟျောင့် ထတော့ နေ့လည်နားချိန်ရောက်ပြီ။"

"မစားတော့ဘူး...မင်းတို့ပဲသွားလိုက်တော့.."

"အိုကေလေ...ဒါဆို ငါကဂယူဗင်းနဲ့အတူတူသွားစားမှာမို့ ဟာအိုက တစ်ယောက်တည်းစားလည်းဖြစ်တယ်ဟုတ်...!"

"ဟာအို့ကိုပါ ခေါ်သွားလိုက်လေ...လူသစ်က သမ္မတမို့လို့မင်းက သီးသန့်စားကူနေတာလား။"

ချမ်ရွေ့က စိတ်မကြည်စွာဖြင့်ပြောလိုက်တာကို ဟာအိုရော ဂယူဗင်းရော ကြားပေမဲ့
ချမ်ရွေ့အကြောင်းနော​ကြေနေပြီဖြစ်တဲ့
ဟာအိုအတွက်ကတော့ ဒီလို
ကတောက်ကဆ စကားတွေဟာ ပုံမှန်ဖြစ်ပေမဲ့ ထိုကျောင်းသားသစ်ကတော့ ဟာအို့ထက်တောင်ပိုတည်ငြိမ်နေလို့ ဆောင်းဟန်ဘင်းရော ရှန်ချမ်ရွေ့မှာ အာရုံစိုက်မိသွားသည်။

"ဟန်ဘင်း...ကျန်းဟာအိုနဲ့အတူတူသွားစားလိုက်ပါ၊ငါက မစားတော့ဘူးမို့..."

"ဪ အင်းအင်း...ဒါဆို သွားပြီနော်၊ဟာအိုလာ သွားမယ်။"

ဟန်ဘင်းက ဟာအို့လက်ကိုဆွဲယူပြီး အတန်းထဲကနေ လစ်သွားပြီဖြစ်လို့ အတန်းထဲတွင် ချမ်ရွေ့နဲ့ဂယူဗင်းနှစ်ယောက်ပဲကျန်ရစ်ခဲ့သည်။

"ငါမင်းကိုသဘောမတွေ့ဘူး ဂင်မ်ဂယူဗင်း.."

"ဟမ်??"

ခုံပေါ်လက်တွေတင်ထားပြီးခေါင်းမှီအိပ်နေရာမှာ အညောင်းဆန့်လိုက်ပြီးနောက်
ချမ်ရွေ့က ဂယူဗင်းဘက်သို့ကြည့်ကာ
တည့်ပင်ပြောလိုက်တဲ့ထိုစကား...

"မင်းပုံစံကအခြားလူတွေဆီက အတန်းရှင်းရချင်နေတဲ့ပုံစံနဲ့မို့ ငါမင်းကို ကြည့်မရဘူး။ငါ့သူငယ်ချင်းက မင်းကိုပေါင်းနေတာလည်း
မကြိုက်သလို မင်းရဲ့ အဲ့ဒီအကြည့်ကိုလည်း မကြိုက်ဘူး။"

"ကြောင်တောင်တောင်နဲ့ပါလား...ဆိုတော့မြင်မြင်ချင်းချစ်တာမဟုတ်ဘဲ မြင်မြင်ချင်းမုန်းတာမျိုးပေါ့လေ။"

"စောက်ရူးမို့ မင်းကိုချစ်ရမှာလား
ဂင်မ်ဂယူဗင်း!"

"အင်း ချစ်ရမှာ...စောက်ရူးဖြစ်တဲ့မင်းက တစ်နေ့ကျရင် ငါ့ကိုကြွေလာမှာ..."

NO REASON TO HATE YOU ANYMOREWhere stories live. Discover now