Unicode~
"တကယ်ပါဆို မုန်းလိုက်တာ မုန်းလိုက်တာ အားးး ဂင်မ်ဂယူဗင်း ခွေးကောင်!!"
"အေးအေး အဲ့မှာ ကျိန်ဆဲနေ၊ဆုတောင်းတွေမှားပြီး ကြိုက်သွားမှကြည့်ကောင်းပြီ။"
"ဟ!ကြိုက်စရာလား ဆောင်းဟန်ဘင်း...ကြိုက်မဲ့ကြိုက် မင်းနဲ့ဟာအိုပဲကြိုက်!"
ဆောင်းဟန်ဘင်းက ပြောတော့လည်း
ချမ်ရွေ့ကမကြိုက်။သူကလည်းသူ...
ဒီတိုင်းနေရင်းကို ဂင်မ်ဂယူဗင်းကိုမုန်းတီးနေတော့တာ....."ငါတော့ကြိုက်လို့ရပါတယ်၊သူကသာ
ပြန်မကြိုက်ချင်မကြိုက်မှာ ဟုတ်တယ်
မလား ဟာအို..""ဘာကိုလဲ၊လာမနှောင့်ယှက်နဲ့။"
ဘေးမှာစာလုပ်နေတဲ့ ကောင်လေးကို
ဟန်ဘင်းက စပ်ဖြီးဖြီးလေးဖြင့်မေးလိုက်တော့ အေးစက်စက်အမူအရာကိုသာတုံ့ပြန်မှုပေးသည်။စတာပဲဆိုရင်တောင် သူက
နည်းနည်းလေးမှရင်မခုန်သွားဘူးပေါ့...ဟန်ဘင်းရဲ့စိတ်ထဲမှာ အလိုမကျမှုလေးတော့ဖြစ်သွားသည်။ဘာလို့ ဟာအိုက
နည်းနည်းလေးတောင် မမှုတာလဲ...
သူ့လို ဆွဲဆောင်မှုရှိတဲ့လူချောလေးကိုရရင် ဟာအို့အတွက် တန်တာထက်တောင်ပိုနေတယ်မဟုတ်ဘူးလား။"ဟာအို စာပဲမကြည့်နဲ့ ငါ့ကိုလည်းကြည့်အုံး!"
"ဘာလဲကွာ ငါစာလုပ်နေတယ်လေ
ဟန်ဘင်း..""ပြော ငါကအဆင်ပြေတယ်မလား။
တွဲတာဖြစ်ဖြစ် ကြိုက်တာဖြစ်ဖြစ်...""မသိဘူး။"
"ငါ့ကိုကြိုက်လား..."
"ငါဘယ်သိမှာလဲ မင်းကိုလိုက်နေတဲ့ကောင်မလေးတွေကိုသွားမေးလေ။"
"မင်းဆီကပဲကြားချင်တာ။ပြော အခု!"
"မကြိုက်ဘူး မင်းဘာသာ ဘယ်လောက်ပဲ ကြိုက်ချင်စရာကောင်းနေပါစေ..."
"ကျန်းဟာအို!"
"ပြောစရာမရှိတော့ဘူးမလား၊
စာလုပ်တော့မယ်။""အေး စာ စာ စာ အဲ့စာပဲလုပ်နေလိုက်၊ငါပြောတာကိုဘယ်တော့မှဂရုမစိုက်နဲ့...!"
အနည်းငယ် စိတ်တိုသွားတဲ့ဟန်ဘင်းက
ခါတိုင်းနဲ့မတူဘဲ ဟာအို့ကို အော်မိလိုက်သည်။
YOU ARE READING
NO REASON TO HATE YOU ANYMORE
ФанфикRicky:ဒီ့ထက်ပိုပြီး မင်းကို ချစ်မိလာရင် ဒီကောင့်နှလုံးသားက အရည်ပျော်တော့မလားပဲ! Gyuvin:တက်လည်းတက်နိုင်တယ်နော်... Shenvin Fanfiction~