ရိပ်ခနဲ့ အခန်းဝမှာ လူတစ်ယောက်တွေလိုက်ရတော့ လှမ်းကြည့်မိတယ် ထမိန်နီရဲရဲ ခါးတို အကျီဖြူဆွတ်ဆွတ်နဲသူနာပြုဆရာမလေးတစ်ယောက်ဗျ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ကျွန်တော်ကို လှမ်းကြည့်နေတာ ရင်ထဲတောင်အေးချမ်းသွားတာပဲဗျာ။ရင်ခွင်ထဲမာ စာအုပ် ထူထူလေးနှစ်အုပ်ကိုပိုက်လို့ အခန်းထဲကို ဝင်လာတာများ အသက်ရှုမှားစရာပဲ။
" ဦးရဲထွန်း လူနာစောင့်လားရှင့် အန်တီကြီးက မစောင့်တော့ဘူးပေါ့ ဟုတ်လား" ကျွန်တော်လည်း သူကိုငေးနေတာနဲ့ ပြန်မဖြေနိုင်တော့ပဲ ခေါင်းပဲ ငြိမ့် ပြလိုက်တယ်။ သူက ဘကြီးကို သွေးပေါင်ချိန် ဘာညာ လုပ်နေတော့ ကျွန်တော် ဘေးခုံကနေပဲ ကြည့်နေတာပါ့ သူ ပြီးသွားတော့ ကျွန်တော်ဘက်လှည်ပြီး "အကို လုပ်စရာရှိတာ လုပ်နော် အောက်မာ လက်ဖတ်ရည်ဘာညာသွားသောက်လို့လည်း ရတယ် လို့ပြောပြီးခုံတန်းရှည်ပေါ်မာ သူ ယူလာတဲ့ စာအုပ်ကို ဖွင့်ပြီးဖတ်နေတာဗျ။ ရင်ချီချီ လေး လက်ကသွေးကြောလေးတွေက စိမ်းလို့ ဘကြီးနေရာမာလူနာကျွန်တော် ဖြစ်ချင်တော့တာပဲ။ သူကို ခန ပြောပြီးအောက်မာ ထမင်းသွားစားတယ်။ထမင်းစား ပြန်လာတော့ သူစာအုပ်ဖတ်နေတုံးပဲဗျ။ သူဖတ်နေတဲ့ စာအုပ်က ဘာလဲဆိုတာ စိတ်ဝင်စားသွားတယ် ဒါကြောင့် သေချာလှမ်းကြည့်မိတော့ အားပါးးပါး ဆရာလင်းယုန်မောင်ဘာသာပြန်ထားတဲ့ ရဲခေါင်ပျောက်ကျား အာနက်စတို ချေးဂွေဗာရား ဆိုပါလား အမယ် ဒီသူနာပြုလေးက တော်လှန်ရေးဝတ္တုတွေဘာတွေဖတ်တယ် ဟ။ ကျွန်တော်လည်း ကော်ဖီ ထဖျော်ရင် သူ အတွတ် ပါတစ်ခွတ်ပိုဖျော်ရင်။ ကော်ဖီခွတ်ကို သူဘက် လှမ်းရင် စာအုပ်ကို တစ်ချက်ကြည့်ကာ ပြုံးပြရင်း
"လူတစ်ယောက်ချင်း ကို ဆေးကုဖို့ထက် တိုင်းပြည်တစ်ပြည်ကို ဆေးကုဖို့ ကျွန်တော်ပို စိတ်ဝင်စားတယ်ဗျာ "လို့ လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။ သူဖတ်နေတဲ့ ဝတ္တုထဲက အမေရိကန်တော်လှန်ရေးသမား ပြော ဒိုင့်ယာလော့လေ ကျွန်တော် ခဏခဏဖတ်ဘူးတော့ သိတာပေါ့။ သူက ဖတ်လက်စ စာအုပ်လေး ကို ခေါက်ရင်း အံဩတဲ့ မျက်နှာလေးနဲ့" အကို က ဒီလို့စာအုပ်တွေဖတ်တဲ့ ပေါ့လို့ လှမ်းပြောတော့ "သူဘေးနားကို ဝင်ထိုင်ရင် "ကျွန်တော် အကြိုက်ဆုံး စာအုပ်တွေဗျ အလွတ်ရတဲ့ အခန်းတွေတောင်ရှိတယ်"လို့ ပြောလိုက်တယ်။ အဲနောက် ဝါသနာတူစကားဝိုင်းလေးဖြစ်သွားတယ် ၊တစ်ညလုံး စကားတွေပြောရင် မိုးလင်းသွားတော့မှ ပြန်ခ်နီးသူ က"ညမှတွေ့မယ်နော် အကို" ဆိုပြီး အိပ်ချင်မူးတူးလေးနဲ့ နှုတ်ဆက်သွားတယ်။ ခနနေတော့ ဘွားလေးမေလည်းရောက်လာတာကြောင့် လူနာစောင့်ချင်းလဲ လိုက်တယ် ဘွားလေးမေကို လိုက်ပို့တဲ့ သူငယ်ချင်း ကဗျာဆရာကပဲ အိမ်ကို ပြန်လိုက်ပို့ပြီး ညနေညမှ နောက်တစ်ခေါက်ပြန်လာမယ်ဆိုပြီး ပြောကာ ထွတ်သွားတယ်။ ကျွန်တော်လည်း အိမ်မာ ရေချိုးထမင်းစားပြီး ဘောင်းဘီတိုအိပ်တော့တာပေါ့ ၊နေ့လည်တစ်နာရီလောက်ကြတော့ သေးပေါက်ချင်တာနဲ့ နိုးလာတယ်။ နိုးလာတာကို ချက်ချက်းမထပဲ ခနမှိန်းနေမိတာ မာ မျက်လုံးထောင့် က လူရိပ်တွေ့တော့ မသိမသာ စူးစမ်းကြည့်တာ ဟိုအမျိုး သမီးဗျ ကျွန်တော်အိပ်နေတာကို စိုက်ကြည့်နေတာ။ ဘာကြောင့်လဲတော့ မသိဘူး ကျွန်တော်လည်း အိပ်ယာနိုးနိုးချင်းသေးကပေါက်ချင်နေတော့ အောက်က ညီလေး ထကြွ လာနေပြီး။ မတက်နိုင်တော့ဘူးဗျာ တဖြေးဖြေး နိုးလာသလို့ ဟန်ဆောင်ပြီးထလိုက်မှ လှစ်ခနဲပြေးသွားတယ်။ အိပ်ယာနိုးတော့ ရေတစ်ခေါက်ထပ်ချိုး ပြီးတော့ ဟို အမျိူးသမီး က ထမင်းတွေဘာတွေပြင်ပြီးပြီးဗျ၊ ဒါနဲ့ ကျွန်တော်လည်း ဝင်စားရင် သူကိုအကဲစမ်း လိုက်တယ်" အမ အိမ်ကသန့်ကောသန့်ရဲ့ လား ကျွန်တော် အိပ်ယာ ထခါစက အမျိုးသမီးတစ်ယောက်တွေ့လိုက်သလိုပဲ" သူက "လန့်ပြီး ဆေးနေတဲ့ ဇလုံ ပြုတ်ကျသွားတယ် ကျွန်တော်လည်း ထရပ်ပြီး သူမျက်စိကို တည့်တည့်ကြည့်ရင်းဆက်ပြောလိုက် "ခင်ဗျား မျက်နှာကြောလေး လျော့လိုက်ရင် ပိုပြီးလှမာပဲဗျ" ပြောပြီး လှည့်ထွတ်သွားလိုက်တယ် ညနေကြ ရေတွင်းမှာ မဆုံအောင် သူသတိထားနေမှန်းရိပ်မိလိုက်တယ်။
YOU ARE READING
ကျွန်တော်နဲ့သူနာပြုမလေး
Romanceကိုယ်ထွန်းတစ်ယောက် သူနာပြုမလေး ဆရာဝန်မလေးတို့ သုံးပွင့်ဆိုင်18+ အချစ်ဇာတ်လမ်းပါ storyline ခိုင်ခိုင်နဲ့ဖတ်ချင်သူတွေအတွတ်ပါ