for update

930 64 11
                                    

ဒါလေးကို စောင့်မျှော်နေသူတွေကို ပြောချင်ပါတယ်။

ဒီတစ်ခုက တော်တော်ကို နတ်ကြီးတဲ့ နိုဗယ်ပါ 😵‍💫

Rating က 4.7 ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရှေ့က Pick ခဲ့တဲ့သူနှစ်ယောက်တွေ့ဖူးပါတယ်။ ကိုယ်လည်း ကြိုက်လို့ စောင့်ဖတ်ခဲ့ဖူးတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး drop ခဲ့ကြလေရော။ တကယ်ဆို အပိုင်း ငါးဆယ်တောင်မကျော်ပါဘူး။

အခု ကိုယ်ဘာသာပြန်နေတာ ဆယ်ပိုင်းကျော်တော့ပြီးပါပြီ။ ဒါပေမယ့် မတင်သေးတာက။ ကိုယ်လည်း အပြီးထိပြန်ပြီးမှ တင်မယ်လို့ ဆုံးဖြတ်ထားလို့ပါ။ ပြီးတော့ လောလောဆယ် ကိုယ့်ရဲ့ daily work လေးလည်း ရှိနေလို့ နည်းနည်းချင်းစီပဲ ဘာသာပြန်ဖြစ်နေပါတယ်။

ပြောချင်တာက တချို့က စောင့်မျှော်နေကြတာ သိပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကို မစောင့်နိုင်လည်း ဘာသာပြန်လို့ အဆင်ပြေတဲ့သူကို တောင်းဆိုပြီး ဘာသာပြန်ခိုင်းလို့ရပါတယ်။ ကိုယ်ကတော့ ငါရေးနေတာမို့ သူမရေးရဘူးဆိုတဲ့စိတ် လုံး၀မရှိပါဘူး။ ရှင်းရှင်းပြောရရင် ကိုယ်တို့ဘာသာပြန်တာကလည်း တရား၀င်မဟုတ်လို့ပါပဲ။ ဆိုတော့ကာ ဘာသာပြန်ချင်တဲ့သူရှိလို့ ဒါကို pick ချင်တဲ့သူရှိရင်လည်း pick လို့ရပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ်အားတာနဲ့ ကိုယ့်အာဘော်နဲ့ကိုယ် အပြီးထိရေးသွားမှာပါ။

အဲ့တော့ မစောင့်နိုင်ခဲ့ပါက တခြားသူကိုလည်း တောင်းဆို ဘာသာပြန်ခိုင်းလို့ရပါကြောင်းပါနော့်။ တော်ကြာ ကိုယ် pick ထားလို့ မ pick ရဆိုပြီး ထင်နေကြမှာစိုးလို့ ထပ်လာပြောပြရတာပါ။

ကျေးဇူးတင်ပါတယ် 💞

ကိုယ့်ပြိုင်ဘက်နဲ့ ကိုယ့်ကိုယ်ကိုယ် ရွက်လွှင့်နေပါတယ် 〈မြန်မာဘာသာပြန်〉Where stories live. Discover now