145.
စားသောက်ဆိုင်မှာ ထိုင်ကြပြီးတဲ့နောက် ကုယီးလျန်က သူ ဘာမဆို အဆင်ပြေပါတယ်လို့ ပြောပြီး ဘာမှာရမလဲဆိုတာကို ကျွန်တော့်ကို ဆုံးဖြတ်ခိုင်းခဲ့ပါတယ်။
146.
အလိမ်အညာ။ ဒါက မုသာဝါဒအလိမ်အညာတစ်ခု ဖြစ်ပါတယ်။
ဦးနှောက်ဆေးတဲ့ပက်ကေ့ချ်မှာ သူက တရုတ်ကြက်သွန်ဖြူမြိတ်၊ ကြက်ဟင်းခါးသီး၊ တရုတ်နံနံ၊ မုန်လာဥနီ၊ အချို ဒါမှမဟုတ် အချဉ် ဒါမှမဟုတ် ချိုချဉ်ချဉ်ချဉ်ဟင်းချိုလို အစားအစာတွေ မကြိုက်ပါဘူး။ သူက ကြက်သားကြိုက်ပေမယ့် ဘဲသားနဲ့ ငန်းသားကိုမကြိုက်ပါဘူး။ ဝက်သားနဲ့ အမဲသားနဲ့ သိုးသားကို ကြိုက်ပေမယ့် ငါးမကြိုက်ဘူး။ သူ ကဏန်းနဲ့ကမာကို ကြိုက်ပေမယ့် ပုစွန်မကြိုက်ပါဘူး။
ဇွဲလုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုတို့နဲ့အတူ နျန်းဇီ တပ်ဖွဲ့က တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဒီလိုတန်ဖိုးရှိတဲ့ အချက်အလက်အားလုံးကို စုဆောင်းထားခဲ့ပါတယ်။
တိကျမှုအတွက်ကလား။
ကောင်းပြီ၊ သူတို့က ကျွန်တော့်ရဲ့အချက်အလက်နဲ့ ပတ်သက်ပြီး တော်တော်လေး တိကျတဲ့အတွက် အဲဒါက မှန်သင့်ပါတယ်။
147.
ကျွန်တော် မီနူးကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲထိုးကို ပြောလိုက်ပါတယ်။" ငရုတ်ဆီအနှစ်ပါတဲ့ ကြက်သားတောက်တောက်၊ ဂဏန်းစတူးတစ်အိုး--အဲ့အထဲကို ပုစွန်မထည့်ပါနဲ့၊ ကြက်သွန်ဖြူနဲ့ဂေါ်ဖီကြော် နဲ့ ထမင်းနှစ်ပန်းကန် "
ပြီးသွားတော့ ကျွန်တော် လှည့်ကြည့်လိုက်ပြီး အံ့သြသွားပုံပေါ်တဲ့ ကုယီးလျန်ကိုမေးလိုက်ပါတယ်။ " လောက်ပြီလား။ မင်း ဘာသောက်ချင်လဲ "
"...အင်း "
ကုယီးလျန်က အုံဩသွားတဲ့အရိပ်အမြွက်ကို ဖယ်လိုက်ပြီး သူ့ဘာသာသူ JDB ဘူးတစ်ဘူးကို ယူသွားပြီး ကျွန်တော့်အတွက် ပျားလက်ဖက်ရည်တစ်ပုလင်း မှာလိုက်ပါတယ်။
[T/N : JDB က ကျားသော်ပေါင် ဆိုတဲ့ တရုတ်ဆေးဘက်၀င် လက်ဖက်ရည်ဘူးပါ။ ]
YOU ARE READING
ကိုယ့်ပြိုင်ဘက်နဲ့ ကိုယ့်ကိုယ်ကိုယ် ရွက်လွှင့်နေပါတယ် 〈မြန်မာဘာသာပြန်〉
RomanceI Ship My Adversary X Me Fudanshi Shou နဲ့ လျှို့ဝှက်တဲ့ Gong တို့အကြောင်း ချိုမြိန်တဲ့ အနုပညာအသိုင်းအဝိုင်း ၀တ္ထုလေးတစ်ပုဒ်ပါ !!! Niangzi is Rio !!!! Status in COO 47 Chapters + 6 Extra (Completed) This is not my OWN !! just fun translation!! p...