၁.၃.၂၀၁၇
ကြီးမားလွန်းတဲ့ခန်းမကြီးရယ်လှပလွန်းတဲ့ အပြင်အဆင်တွေရယ် မြောက်မြားစွာသော ကျောင်းသားတွေရယ် မိဘတွေရယ်ဓာတ်ပုံဆရာတွေရယ်နဲ့ပြည့်နက်နေတဲ့ ဘွဲ့နှင်းသဘင်ခန်းမ
နောက်နာရီဝက်နေရင် အားလုံးခန်းမအတွင်းနေရာယူမည့်အချိန်ဖြစ်သည်
ကောင်မလေးတစ်ယောက်ကလည်း မရောက်လာသေးတဲ့ သူမရဲ့ချစ်ရသူကို နာရီတကြည့်ကြည့်နဲ့စောင့်နေလေရဲ့
ဘယ်လိုဘဲ အဆင်မပြေဘူးပြောပြော ဘွဲ့ယူတဲ့အချိန်မှာတော့ သူနဲ့သာအတူရှိချင်သည်
''မောင်ဘာလို့ရောက်မလာသေးတာလဲ ''
ဖုန်းတွေဆက်တိုက်ခေါ်နေပေမဲ့လည်း အဝင်သာရှိပြီးတစ်ဖက်က မကိုင်နေ
သူမဘေးမှာက သူမရဲ့အမေရယ် kaiနဲ့ သူ့ရဲ့ မိဘတွေရယ်
''သမီး လီဆာကရောက်လာမှာပါ မာမီတို့အရင်ဝင်ကြရအောင်လေ''
''ဟုတ်ကဲ့မာမီ ''
အကုန်လုံးနီးပါးလောက်ကလည်းဝင်သွားကြသည်မို့ မလွဲသာလို့သာဝင်လိုက်ရသည်
......................
''ဒယ်ဒီပြီးရင်သွားရအောင်လေဘန်တို့နောက်ကျနေပြီ''
''လာပါပြီကွယ် ''
"မြန်မြန်လုပ်ပါမေမေရဲ့''
တစ်အိမ်လုံးကိုပျာယာခတ်နေတော့ သူလည်းဖုန်းကို မကိုင်မိ
သူမနဲ့အဆင်ပြေသွားပြီလားး??.
ပိုတောင်ဆိုးလားသလားထင်ရတယ် သူမကလားး သွားရတော့မယ်ဆိုတော့အလုပ်တွေပိုအလုပ်ရှုပ်နေသည် နှစ်ပတ်လည်တွေ နေ့တောင်မေ့မေ့လျော့လျော့ရှိခဲ့သည်
kaiနှင့်လည်း တွဲသွားတွဲသွားရှိပြီး တချို့ဆိုသူတို့ကိုတွဲနေပြီတောင်ထင်နေကြသည်
သူကအဲ့ကိစ္စကိုပြောတိုင်းသူမက ဆက်စကားမပြောတော့ဘဲလျစ်လျူရှုသည်
သူ့မှာတော့အကြောင်းပြချက်ရေရေရာရာမရှိဘဲဘာကြောင့်ဒီလိုဖြစ်နေရတာလဲ
YOU ARE READING
Heavy Heart
Random''မင်းကိုအဲ့လိုလူတန်းစားမှန်းသိရင်အစကတည်းကမပတ်သတ်ခဲ့ပါဘူးခုတော့မှတ်ထားမင်းအခုလိုလုပ်ခဲ့တာတွေအတွက်သေချာပေါက်ပြန်ပေးဆပ်ရမယ် အေ အဲ့လိုပြန်ပေးဆပ်ရအောင်လည်းငါကိုယ်တိုင်ဘဲလုပ်မှာ''