Part 2

1.1K 83 2
                                    

''jennie...''

''ဟုတ်တယ်ကျွန်မJennie Kim ဘဲဘာလဲသိပ်အံ့သြသွားလားလီဆာ''

''jennie kimစိတ်မရှိရင်ကျွန်မတို့ကိုသွားခွင့်ပြုပါလား ''

သူကတော့အဲ့နေရာမှာတင် ကျောက်ရုပ်တစ်ရုပ်လိုရပ်နေမိတော့တယ်

ဘယ်သူသိနိုင်မှာလဲသူ့ရင်ထဲမှာပွက်လောရိုက်နေတာကို mina ကသူ့လက်ကို ဆွဲ ပြီးသွားမယ်လုပ်တော့

''အိုးဟိုး..နေကြပါအုံး တို့ကဒီက လီဆာကိုတွေ့ချင်လို့တကူးတကလာခဲ့တာကို ''သူမဟာ သူ့မျက်လုံးကိုတည့်တည့်ကြည့်ပြီးပြုံးမဲ့မဲ့နဲ့ပြောလိုက်တယ်

ကျေးဇူးပြုပြီးအဲ့လိုသူ့ကိုမကြည့်ပါနဲ့လားjaneရယ် ကြောက်မိတယ်အဲ့မျက်လုံးတွေရယ် အဲ့အပြုံးတွေရယ်

''ဟေးတစ်ခုခုပြန်ပြောပါအုံး'' သူ့မျက်နှာရှေ့မှာလက်ဖျောက်တီးပြီးပြောလာလေတယ်

''ဒီမှာ jennie kim ဘာလို့ကျွန်မတို့ကိုလိုက်နှောက်ယှက် နေရတာလဲ''

''ဟေးးးးမင်းမှားနေပြီဒီမှာ တို့ကိုလိုက်နှောက်ယှက်တယ်ပြောရအောင် ဒီက မြင့်မြတ်လှတဲ့Lalisa manoban လုပ်ထားတဲ့အပြစ်ကနည်းလားးးး ပြောလေ.....''

သူမကစိတ်တိုပြီးအော်ပြောလိုက်တော့ဘေးကဖြတ်သွားဖြတ်လာတွေက ကြည့်ကုန်ကြတယ်

''jane တခြားနေရာသွားရအောင်လေ ''သူ တိုးညင်းစွာပြောလိုက်တော့

အနည်းဆုံးတော့သူမသိက္ခာရှိသေးတယ်လေ ဟုတ်တယ်မလားသူ့ဆီမှာအရှက်ရောသိက္ခာရောဘာမှမရှိချင်နေ သူချစ်ရတဲ့မိန်းကလေးကိုတော့သူ့လိုမဖြစ်စေနိုင်ပါ

''မင်းမှာငါ့ကိုအဲ့နာမည်ခေါ်ပိုင်ခွင့်မရှိဘူး''

''ပြီးတော့မင်းငါ့ကိုခုဒီက ထွက်သွားစေချင်ရင်မင်းငါနဲ့အခုလိုက်ခဲ့''

''လီဆာနင်သွားစရာမလိုဘူးး လာပါငါတို့သွားရအောင်''

mina ဟာသူ့လက်ကိုဆွဲတော့သူမ ကလည်း သူ့နောက်လက်တစ်ဖက်ကိုဆွဲထားတယ်

အချေအတင်တွေဖြစ်ကုန်တော့တယ်

'' တို့မှာမင်းကိုပြောစရာတွေရှိတယ်''

Heavy HeartWhere stories live. Discover now