Part 17

317 34 11
                                    

နောက်နေ့မနက်လည်းရောက်ရောဆူဂျင်း လည်း အိမ်ကအရင် ကထက်ပိုတိတ်ဆိတ်နေတာရယ် ကြောင့်အံသြ သွားတယ်

အရင်ဆိုမိုးလင်းမိုးချုပ် သူ့မမလေး ကလီဆာကိုနှိပ်စက်သံတွေကြီးဘဲ

ဒီနေ့တော့သူ့အတွက်ထူးခြားနေခဲ့တယ်

အပေါ်ထပ်ကိုတက်ပြီးအခန်းတံခါးကိုဖွင့်လိုက်တော့

အိပ်ယာထဲမှာတစ်ယောက်ကိုတစ်ယောက်သေမတတ်ဖက်ထားကြပြီးအိပ်နေတဲ့လူနှစ်ယောက်လည်းရှိနေလေရဲ့

ဆူဂျင်းတစ်ယောက်နိုးသင့်မနိုးသင့်စဉ်းစားနေလေတယ်

ထိုလူသားနှစ်ယောက်ဘယ်လောက်ထိချစ်ခဲ့ကြလဲဆိုတာသူသာအသိဆုံးပင် ကံတရားကြောင့်အမျိုးမျိုးသောပြသနာကြောင့်သာကွဲကွာခဲ့ရသောသူနှစ်ယောက်ကိုကြည့်ရင်းသနားနေမိရဲ့

နောက်တော့သူအခန်းတံခါးကိုဖြေးဖြေးချင်းပိတ်ထားခဲ့တော့တယ်

..................

တခြားနေ့တွေထက်ပိုမိုထူးခြားတဲ့နေ့လေးပေါ့
အလင်းရောင်ရယ်လို့ဆိုတဲ့နေမင်းကလည်းနိုးစက်တစ်ခုလို

သူမနိုးလာခဲ့တယ်
နိုးနိုးချင်းပင် ဘေးနားက ထိုသူကိုသူကြာကြာကြည့်နေလေတယ်

ဆံပင် ..ထိုသူရဲ့ဆံပင်ကိုသူမသိပ်ချစ်မြတ်နိုးရပါသည် ကျောင်းတုန်းက အဖြစ်အပျက်တစ်ခုကိုသူမတွေးနေခဲ့သည်

''မောင်.....မောင့်ဆံပင်သားလေးတွေကိုသိပ်ချစ်မြတ်နိုးတာဘဲ''

''ဘာလို့လဲဂျိန်းရဲ့ သာမန်ဘဲကို''

''မောင့်ဆံပင်ကအသက်ဝင်တယ်''

မောင်ကရယ်လေတယ်

''မောင့်ဂျိန်းလေးကရီရတာဘဲ ဘယ်ဆံပင်ကအသက်ဝင်မှာလဲကွာ ဂျိန်းလေးကတော့နှောက်ပြီ''

Heavy HeartWhere stories live. Discover now