Part 18

391 32 0
                                    

မနက်ခင်းနေရောင်ခြည်​ကြောင့်Jiminနိုးလာပြီး သူ့ဘေးနားကအိပ်နေရင်းနဲ့တောင်ကြည့်ကောင်းနေတဲ့သူ့ယောကျာ်းရဲ့ဖက်သွယ်မှုကနေဖြေးညှင်းစွာဖယ်ပြီးmorning kiss အနေနဲ့နဖူးနဲ့ပါးပြင်လေးကိုနမ်းလိုက်သည်
"ငါ့ယောကျာ်းကအိပ်နေရင်းနဲ့တောင်ကြည့်လို့ကောင်းတာပဲ"

ပြုံးရင်းပြောခါ မျက်နှာသစ်သွားတိုက်ပြီး မနက်စာပြင်ဆင်ရန်အောက်ထပ်သို့ဆင်းသွားလေသည်

ခနအကြာမှာတော့jeonနိုးလာသည် နိုးနိုးခြင်းသူ့အချစ်ကလေးအားဖက်ရန် ဘေးသို့စမ်းလိုက်သော်လည်းပူပူနွေးနွေးအိပ်ယာလေးကြောင့်သူအချစ်ကလေးထသွားတာမကြာသေးမှန်းသိလိုက်ရသည်
သူလည်းထထိုင်၍အပျင်းကြောဆန့်လိုက်ပြီးရေချိုးခန်းဆီသို့ မျက်နှာသစ်ရန်သွားလေသည် ရေတော့အရင်မချိုးထားပါပြီးမှသူ့အချစ်ကလေးနဲ့အတူတူချိုးရင်းနှိုက်မြည်းချင်သေးတာကြောင့်ပင်

မျက်နှာသစ်သန့်စင်ပြီးတော့ အချစ်ရှိရာသို့လေအလျင်ဖြင့်အပြေးသွားလေသည်

မီးဖိုခန်းထဲရောက်တော့သူ့အကြိုက်များကိုချက်ပြုတ်နေတဲ့အချစ်ကလေးကသူလာတာကိုသိပုံမရ ထိုအရာများကိုသာအာရုံစိုက်ထားပုံပေါ်သည်

jeonလည်းအနောက်ကနေသူ့အချစ်ကလေးခါးလေးကိုဖက်ပြီးပုခုံးလေးပေါ်မေးတင်လိုက်တော့ တချက်တုန်သွားပြီး

"နိုးပြီလားမောင်"

"အွန်း မောင်နိုးလာတဲ့အချိန်အချစ်ကမောင့်ရဲ့ဘေးမှာတော့ မောင်လန့်သွားတယ်သိလား"

"ငါကမောင်နိုးလာရင်အဆင်သင့်စားလို့ရအောင် ပြင်ပေးချင်လို့ပါ မောင်အရမ်းလန့်သွားလား"

"အွန်း နောက်အစောကြီးထမပြင်နဲ့တော့ မောင်ကအချစ်နဲ့အတူနိုးထချင်တာအလုပ်ကိုနောက်ကျမှသွားလဲဖြစ်တယ် နော်မောင့်အချစ်"

လူကောင်ကြီးနဲ့မှမလိုက်သူအားအချွဲပိုနေသော မောင့်ကိုကြည့်ပြီးjiminအသဲတွေယားလာရသည်

"လာပါအုန်း လန့်သွားတယ်ဆိုတဲ့ငါ့ရဲ့မောင်ကိုအနမ်းလေးပေးပြီးနှစ်သိမ့်ရအောင်"

STORY🍀(Ongoing)Where stories live. Discover now