အပိုင်း (၁)

274 10 0
                                    

အပိုင်း (၁)

ဆောင်းဦးကာလအစောပိုင်းဖြစ်ပြီး မိုးသည်းထန်စွာရွာနေသည်။

မဲမှောင်နေသည့်ကောင်းကင်သည် ပြိုကျတော့မည့်နှယ်။ ရာသီဥတုကြောင့်လားမသိပါ ညနေ ၅နာရီသာရှိသေးသော်လည်း ကောင်းကင်က မဲမှောင်နေလေသည်။

ရွှီချင်သည် မိုးရေးထဲသို့ ထွက်လိုက်ပြီး လမ်းပေါ်တွင် အသားကုန်ပြေးလာလေသည်။ သူ့ဘောင်းဘီကို အပေါ်သို့ခပ်မြင့်မြင့် ခေါက်တင်ထားသည်။ ရေများသည် မီတာအနည်းအထိ စင်သွားတော့သည်။

" ရှောင်ရွှီ မင်း ထီးမယူလာပြန်ဘူးလား"

အစောင့်တဲထဲမှ အဖိုးကြီးသည် ခွေးရူးတစ်ကောင်လို ပြေးလာသည့်သူ့ကို မြင်သွားလေသည်။ စားပွဲအောက်က ထီးတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ရွှီချင် ရောက်မလာခင် ကြိုစောင့်နှင့်ကာ ထီးကို နှစ်ခါလောက် ယမ်းပြရင်း လာယူရန် အချက်ပြလိုက်လေသည်။

" လမ်းတစ်ဝက်ရောက်မှ မိုးကရွာလာတာ"

ရွှီချင်သည် လုံခြုံရေးတဲဘေးက ထီးကြီးဆီသို့ ပြေးဝင်လာခဲ့သည်။ သူသည် အစောင့်တဲထဲက အဖိုးကြီးကို လက်ခါပြလိုက်ပြီး သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။ သူ့မျက်နှာပေါ်က မိုးရည်များကို သုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ၊ စိုရွှဲနေပါပြီဗျာ အလုပ်ရှုပ်မခံပါနဲ့တော့"

သူသည် ပြောပြီးသည်နှင့်ချက်ချင်း အနည်းငယ်လျှောကျနေသည့် ဘောင်းဘီကို ဆွဲတင်လိုက်ပြီးနောက် တစ်ဖတ်ဖတ်ခြေသံများဖြင့် အိမ်ရာဆီသို့ ဆက်ပြေးသွားလိုက်တော့သည်။

ဟောင်းနွမ်းနေသည့် အဆောက်အအုံဝန်းတွင် လူနေအိမ် အနည်းငယ်ရှိပြီး သည်လိုရာသီဥတုမျိုးတွင် လူအများကြီးမရှိချေ။ ရွှီချင်သည် ကော်ရစ်ဒါ ဝင်ပေါက်နားအထိ တစ်လမ်းလုံးပြေးလာခဲ့လိုက်သည်။ ခြေထောက်ကို နှစ်ချက်ဆောင့်လိုက်ပြီး ခေါင်းငုံ့ကာ အင်္ကျီထောင့်စွန်းမှနေ၍ ရေညစ်ချလိုက်၏။ သူသည် ဘောင်းဘီအိတ်ကပ်ထဲက သော့ကို ထုတ်လိုက်ပြီး အဆောက်အဦးဆီသို့ လျှောက်သွားလိုက်လေသည်။

သမိုင်းထဲကလာတဲ့ကျွန်တော့်ဇနီးသည်Where stories live. Discover now