အပိုင်း (၃)

63 4 0
                                    

အပိုင်း (၃)

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူများသည် နည်းနည်းလောက်ပဋိက္ခဖြစ်ရုံနှင့် ဓားဆွဲတုတ်ဆွဲသည့်ကိစ္စကတော့ မဖြစ်သင့်ပေ။

ရွှီချင်သည် ထိုအရည်များမှာ အဆိပ်မဟုတ်ကြောင်း ရှင်းပြရန် အခက်တွေ့သွားတော့သည်။ ချွေးစက်များသည် သူ့နဖူးပေါ်သို့ စီးကျကုန်၏။

ကိုလာကို မတော်တဆ တိုက်ချမိတာဖြစ်ပြီး လူသတ်မှုတစ်ခု ဖြစ်သွားလောက်သည်အထိတော့ သူ မျှော်လင့်မထားချေ။

သူမ၏တုန့်ပြန်မှုကို အကဲခတ်မိရာ သူမသည် နောက်ပြောင်နေဟန်မပေါ်ချေ။ သူမသည် အစပိုင်းတွင် မယုံကြည်ခဲ့သော်လည်း ယခုတော့ ၇၀ရာခိုင်းနှုန်းလောက် ယုံလာပြီဟု ပြောရမည်။

" နည်းနည်းလေးဖြစ်တာနဲ့ ဓားမဆွဲထုတ်လို့မရဘူးလား...."

ရွှီချင်းသည် ကျန်းဟယ်၏လက်ထဲက ဓားကို စိုက်ကြည့်ရင်း ပြောလိုက်၏။

" ငါက... လူကောင်းတစ်ယောက်လေ၊ မဟုတ်ရင် ငါ တံခါးကို ပိတ်ထားပြီး နင် အပြင်ဘက်မှာ သေသေရှင်ရှင် ဘယ်ဂရုစိုက်ပ့ါမလဲ ဟုတ်တယ်မလား"

" နင် ဗူးသီးလေးကိုတောင် လန့်အောင်လုပ်လိုက်ပြီ"

ကြောက်ဖက်တီးလေးသည် ထောင့်တွင် ကွေးနေပြီး သူ့အမွှေးကို လျှာဖြင့်လျက်ကာ ငကြောင်လူသားနှစ်ယောက်ကို မျက်စောင်းဖြင့်ကြည့်နေ၏။

" နင်က လူကောင်းတစ်ယောက် ဟုတ်တယ်"

" ငါက လူကောင်းတစ်ယောက်"

"..."

ကျန်းဟယ် ဘာမှမပြောသည်ကို တွေ့လိုက်ရပြီး ရွှီချင်သည် ခေါင်းခြောက်လာကာ ဘာဆက်လုပ်ရမည်မသိ ဖြစ်သွားတော့သည်။

ငါ မူးလာပြီနော်။ cosplay ဆိုလည်း cosplayပေါ့။ ဘယ့်နှယ် အစစ်ကြီးဖြစ်ရလာတာလဲကွာ။

" ငါ့စိတ်တွေ နည်းနည်း ရှုပ်သွားပြီ၊ အတွေးရှင်းလိုက်အုံးမယ် ခဏစောင့်"

ဆိုဖာကို မှီလိုက်ပြီး ရွှီချင်သည် သူ့နဖူးကို ပွတ်သပ်ကာ ဘာလုပ်ပြီး ဘယ်လိုရှင်းရမည်ကို စဥ်းစားလိုက်လေသည်။

သမိုင်းထဲကလာတဲ့ကျွန်တော့်ဇနီးသည်Where stories live. Discover now