အပိုင်း (၂)
ရွှီချင်သည် သူ့ဖုန်းကို ချထားလိုက်ပြီး ကျောထဲ စိမ့်ခနဲဖြစ်သွားတော့သည်။
သွေးများက ခြေလှမ်းငါးလှမ်းအကွာအထိ လွင့်စင်သွားသလိုပင်။
"အဟမ်း.... အာ.... နင် ဘယ်ကလာတာလို့ပြောလိုက်တာ"
သူသည် ဓားတိုစိုက်နေသည့်တီဗီကို ကြည့်လိုက်ပြီး ဒါသည် သာမန်ကိစ္စတစ်ခုမဟုတ်ကြောင်း ခံစားလိုက်ရတော့သည်။
ဝူချောင် ကျွမ်းဘားအဖွဲ့ကများလား။
ဦးလေးကျောက် အရွယ်နဲ့ဆိုရင် သူသွားကြည့်လောက်မှာမဟုတ်ဘူး။
" အဲဒီလူတွေ.... သူတို့ဘယ်လိုထွက်လာတာလဲ"
ကောင်မလေးသည် လန့်ဖျတ်နေသည့်ယုန်သူငယ်လေးလို သူမရှေ့က အရာအားလုံးသည် သူမ၏နားလည်နိုင်စွမ်းထပ် ကျော်လွန်နေလေသည်။
" ပြီးတော့ နင်ဘယ်သူနဲ့စကားပြောနေတာလဲ"
"ငါ...."
ရွှီချင်သည် တံခါးအပြင်ဘက်က လီနင်ကြမ်းအဝတ်အစားနှင့် ကောက်ရိုးဖိနပ်စီးထားပြီး လက်တစ်ဖက်တွင် ဓားကိုင်ထားပြီး ကျန်တစ်ဖက်တွင် ဓားအိမ်ကိုင်ထားသည့် ကောင်မလေးကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် မိုက်ရူးရဲဆန်သည့်စိတ်ကူးတစ်ခု ပေါ်လာ၏။
မဖြစ်နိုင်တာ....
ဝူချောင်အဖွဲ့က ဒီလိုမှ မဝတ်စားတာ။
ဒီလိုဆိုရင်တောင် သူများရဲ့ တီဗီကို ဓားတိုတစ်ချောင်းနဲ့ မပစ်ထည့်လိုက်သင့်ပါဘူး။ ပြီးတော့ နည်းနည်းသဘောမကျတာနဲ့ ဓားကထုတ်ပြီ။
သူ့ကောက်ရိုးဖိနပ်ကလည်း သူ့ခြေထောက်တောင် ထိုးထွက်နေပြီ၊ သူ တီဗီဖိုး ပြန်လျော်နိုင်ပါ့မလားတဲ့။
" အမ်း... နင့်ဓား အရင်ဆုံးချထားလိုက်နော်၊ ငါက လူကောင်းတစ်ယောက်ပါ၊ ငါ နင့်ကို ထီးတောင် ပေးခဲ့သေးတဘ်လေ"
သူ့ဘေးက ထီးကို ကန်လိုက်ပြီး သူစိမ်းမိန်းခလေးကို ကြိုးစားကာ နားချလိုက်၏။
ကောင်မလေးသည် ထီးကိုကြည့်လိုက်ပြီးနောက် သူ့ကို ကြည့်လိုက်ပြီး တဖန် နံရံပေါ်က ပျက်စီးသွားသည့်တီဗီကို ကြည့်လိုက်လေသည်။ ခဏတာတွေးတောလိုက်ပြီးနောက် သူမသည် ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ရာ ထွက်လာသည့် ပွတ်တိုက်သံတိုးတိုးလေးက ရွှီချင်ကို ရှုံ့မဲ့သွားစေတော့သည်။
YOU ARE READING
သမိုင်းထဲကလာတဲ့ကျွန်တော့်ဇနီးသည်
RomanceTitle : My Wife came from a thousand years ago Genre : Comedy, Drama, Martial art , Romance , Slice of Life Status in COO : 341 chapter (completed) Author : 花还没开 MM translator : Rainy Day "အိမ်ပြန်ချင်တယ်" " ပြန်လို့ရမှာ မဟုတ်လောက်ဘူး" "ဘာလို့လဲ" "ဘ...