Zawgyi
အဓိကဇာတ်ကောင်တွေဆီကနေ အသတ်မခံရဖို့ ပိုင်ချင်းလောင်ရဲ့ပထမဆုံးခြေလှမ်းကတော့ ကလေးတွေနဲ့ရင်းနှီးမှုကို ယူထားရမည်၊ကံကောင်းတာတစ်ချက်က သူ့ဘဝတုန်းက သူက ဟင်းချက်တတ်တဲ့သူဖြစ်ပြီး သူ့သူငယ်ချင်းတွေကအစ သူ့ရဲ့လက်ရာကို အလွန်ကြိုက်ကြသည်၊
ပိုင်ချင်းလောင်ဟာ မှတ်ဥာဏ်တွေကအတိုင်း မီးဖိုချောင်ဘက်ကိုသွားတော့သည်၊သူနေတဲ့အိမ်တော်က သိပ်မကြီးသလို သိပ်လည်းသေးမနေပဲ အစေခံဆယ်ယောက်လောက်တော့ရှိသည်၊
"သခင်လေး ဘာအလိုရှိလို့လဲ" မီးဖိုချောင်ဘက်ကိုရောက်တော့ စာဖိုမှူးကြီးက ကြောင်အနေတဲ့အမူအရာနဲ့မေးလာတော့သည်၊ပိုင်ချင်းလောင်က သေသေသပ်သပ်ရှိတဲ့မီးဖိုချောင်ကိုကြည့်ပြီး သဘောကျစွာပြုံးလိုက်သည်၊ထို့နောက်မှာ သူက ဓားတစ်ချောင်းကို ယူလိုက်ပြီး လက်ထဲလှည့်လိုက်သည်၊
ဓားရဲ့အလေးချိန်က သူ့လက်ထဲမှာ အဆင်ပြေတဲ့အလေးချိန်ရှိတာကြောင့် ပိုင်ချင်းလောင်ကျေနပ်သွားပြီးနောက်မှာ သူဟာ ဘာချက်ရင်ကောင်းမလဲတွေးတောနေတော့သည်၊ကလေးတွေက ဆယ်နှစ်အရွယ်တွေဆိုတော့ အာဟာရပြည့်ဝဖို့အတွက် အသားနဲ့အရွက်ကို မျှမျှတတလုပ်ပေးသင့်တယ်၊
ပိုင်ချင်းလောင်က သူလာခဲ့တဲ့နေရာက အစားအစာပုံစံမျိုးထဲက အားလူးချောင်းကြော်၊ဝက်ချိုချဉ်ကြော်၊မုန့်ညှင်းရွက်ကိုပုဇွန်နဲ့ပါးပါးလေးကြော်ထားတဲ့အရွက်ကြော်ရယ်၊ဖက်ထုပ်ပေါင်းနဲ့ကြာစွပ်ပြုတ်ကိုချက်ရန်အတွက် ပစ္စည်းတွေကို လိုက်ကြည့်လိုက်သည်၊
"သခင်လေး ဟင်း...ဟင်းချက်မလို့လား" စားဖိုမှူးကြီးဟာ ပိုင်ချင်းလောင်ကို ကြောင်အနေတဲ့မျက်နှာထားနဲ့ကြည့်လိုက်သည်၊
"ဟုတ်တယ် ငါပြောတဲ့ပစ္စည်းတွေ စုပေး " ပိုင်ချင်းလောင်က စာဖိုမှူးကြီးကို လိုအပ်တဲ့ဟင်းအမယ်တွေကိုရွတ်ပြလိုက်သည်၊စာဖိုးမှူးကြီးလည်း ပိုင်ချင်းလောင်ခိုင်းတဲ့အတိုင်း မီးဖိုချောင်ထဲမှာ အမြန်ရှာဖွေတော့သည်၊တအောင့်အကြာမှာတော့ ပစ္စည်းတွေရောက်လာတော့သည်၊

ВЫ ЧИТАЕТЕ
ဆရာက ကျွန်ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့
Исторические романыStarted date:2/6/2023 End date: ????? Genres: Historical, Harem,BL own creation