Zawgyi
"ဆရာသခင်က ကျွန်တော့်ကို သဘောမကျဘူးလား"
သူ့နားအနားကပ်ပြီးပြောလာတဲ့ ကုရှင်းမန်ကြောင့်ကော၊ပူနွေးသွားတဲ့နားရွက်ကြောင့်ကော ပိုင်ချင်းလောင်စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်သွားပြီး ကုရှင်းမန်ရင်ခွင်ထဲကနေ ရုန်းကန်လိုက်သည်၊ဒါပေမယ့် ကုရှင်းမန်က သူထင်တာထက် ပိုပြီးအားသန်နေပြီး နည်းနည်းတောင်ရုန်းမရပေ၊
"ရှင်းမန်...အ.." ပိုင်ချင်းလောင်ရုန်းမရတာကြောင့် ကုရှင်းမန်ကို စိတ်တိုစွာလှည့်ကြည့်မဲ့ချိန်မှာ ကုရှင်းမန်က သူ့လည်ပင်းကြားခေါင်းတိုးကာ လည်ပင်းကို ကိုက်လိုက်သည်၊
"ဆရာ့ကို ကျွန်တော် သဘောကျတယ်..." ကုရှင်းမန်က ပြောလာပေမယ့် ပိုင်ချင်းလောင်က ကုရှင်းမန်ဖွင့်ပြောနေမှန်းမသိတာကြောင့် ရိုးရိုးရှင်းရှင်းသာဖြေလိုက်သည်၊
"ဟမ်...ဆရာလည်း မင်းကိုသဘောကျတယ်လေ ငါတပည့်တွေကို သဘောကျတာပေါ့"
'သဘောကျရင် ကိုက်တတ်တာပဲလား'
ကုရှင်းမန်မှာ ပထမစကားကိုကြားပြီးပျော်တော့မဲ့အချိန်မှာ နောက်ထပ်ကြားလာတဲ့စကားကြောင့် မျက်နှာပျက်သွားတော့သည်၊
"အိပ်တော့...ပြီးတော့ မင်းတို့က ပွတ်သီးပွတ်သတ်လုပ်ရတာ ကြိုက်တာသိပေမယ့် အရွယ်ကကြီးလာပြီ သူများတွေအမြင်မှာ ငါတို့ကို တစ်မျိုးထင်ကုန်လိမ့်မယ် ကြားလား" ပိုင်ချင်းလောင်က မျက်နှာပျက်ကာငိုင်ကျသွားတဲ့ကုရှင်းမန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းပုတ်ရင်းပြောလိုက်သည်၊
ထို့နောက်မှာတော့ ကုရှင်းမန်ရဲ့လက်တွေကို ဖယ်လိုက်ပြီး ကုတင်ပေါ်တက်ကာ အိပ်စက်အနားယူလိုက်တော့သည်၊တနေကုန် ခရီးပန်းလာတာကြောင့် ပိုင်ချင်းလောင်က ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ တန်းခနဲအိပ်ပျော်သွားတော့သည်၊ကုရှင်းမန်က ကုတင်ပေါ်ထိုင်လိုက်ပြီး ပိုင်ချင်းလောင်ရဲ့လှပတဲ့မျက်နှာလေးကို စိုက်ကြည့်နေခဲ့သည်၊
သူနဲ့ဆရာသခင် စတွေ့တဲ့အချိန်ကို သတိရမိသည်၊ထိုတုန်းက ဆရာသခင်က သူတို့ကို အလေးမထားလောက်ဘူးလို့ တွေးခဲ့မိပေမယ့် ဆရာသခင်က သူတို့ကို အတော်ကိုချစ်ပြီးအလေးထားလှသည်၊ဒါပေမယ့် ဆရာသခင်အပေါ် ထားရှိတဲ့သူရဲ့မရိုးသားတဲ့စိတ်ကြီးက အရွယ်ရောက်လာတဲ့အချိန်ကနေစပြီးတော့ ညစ်ညမ်းလာခဲ့သည်၊

DU LIEST GERADE
ဆရာက ကျွန်ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့
Historische RomaneStarted date:2/6/2023 End date: ????? Genres: Historical, Harem,BL own creation