Chapter-9

1.2K 193 10
                                    

Zawgyi

တပည့်လေးယောက်လုံးဆီကနေ ဖွင့်ပြောခံရပြီးနောက်မှာ ပိုင်ချင်းလောင်ရဲ့သုံးဘက်မြင်ကမ္ဘာကြီးက ပျက်စီးသွားတော့သည်၊

'သူတို့က... 'ပိုင်ချင်းလောင်နားမလည်ပေ၊ဘာကြောင့် အရေးပါတဲ့ဇာတ်ကောင်တွေက သူ့ကို သဘောကျရတာလဲ၊တကယ်လို့ သူငြင်းလိုက်ရင် သူအသက်သေဆုံးရမည်လော၊

[System:သေဆုံးနိုင်ခြေ99%ပေါ့၊ ဘာကြောင့်လဲဆိုတော့ မူလဇာတ်လမ်းမှာကိုက မင်းက အဓိကဇာတ်ကောင်တွေကြောင့် အသက်သေဆုံးရတာပဲလေ၊ဒါကြောင့် သူတို့စိတ်အလိုမကျရင် မင်းရဲ့အသက်ဆုံးရှူံးနိုင်ခြေရှိတယ်] system လေးထောင့်တုံးကြောင့် ပိုင်ချင်းလောင်ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုများဖြတ်သန်းသွားတော့သည်၊အမှန်ဆိုရင် လက်ရှိဘဝကို ပိုင်ချင်းလောင်သဘောကျလှသည်၊သူ့အတိတ်ဘဝတုန်းက သူ့အစ်ကိုရဲ့အနိုင်ကျင့်မှုတွေ၊သူ့အဖေရဲ့အကြွေးတွေကို မသေရုံတမယ်ဆပ်နေရပြီး အကြွေးမဆပ်နိုင်တဲ့အချိန်တွေဆို ကြွက်တစ်ကောင်လို ပုန်းအောင်းနေခဲ့ရသည်၊တကယ်လို့ အကြွေးရှင်တွေက သူ့အားရှာတွေ့ခဲ့ရင်လည်း တစ်ကိုယ်လုံးနီးပါး အရိုက်ခံရသေးသည်၊ထိုသို့သောဘဝအား ပိုင်ချင်းလောင် ပြန်မသွားနိုင်ပေ၊

သူ့မိခင်နဲ့အစ်မရဲ့ စိတ်ဆင်းရဲသောတတွေ လောင်းကစားစွဲနေတဲ့ညီငယ်...၊မိသားစုရဲ့စားဝတ်နေရင်းအတွက် ၂၄နာရီလုံးကြိုးစားလုံးပန်းနေရတဲ့အပြင် သူ့မိခင်ရဲ့သားသမီးတွေပေါ် ဘက်လိုက်မှုတွေကိုလည်း ကြုံရသေးသည်၊

ပိုင်ချင်းလောင် မျက်လုံးများကို မှိတ်ချလိုက်ပြီး သက်ပြင်းချလိုက်သည်၊

'ပြန်မသွားနိုင်ပေ...' ဒီဘဝမှာ ဘယ်လိုပဲ ပေးဆပ်ရပါစေ အတိတ်ဘဝကို ပြန်လည်မသွားချင်တော့ပေ၊

'ဇာတ်ကောင်တွေကို သူဟန်ဆောင်ပြီး ချစ်လို့ရတာပဲလေ...သူစွန့်ပစ်မခံရသ၍ ရတယ်' ပိုင်ချင်းလောင်က ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်မှာ ဇာတ်ကောင်တွေကို ချစ်ပေးရန်သာဆုံးဖြတ်ချက်ချလိုက်သည်၊

ဒါပေမယ့် ဆရာနဲ့တပည့်ဆိုတဲ့ဆက်ဆံရေးက မသင့်တော်ကြောင့် အခြားသူတွေက သူ့အားကဲ့ရဲ့လာမည်ကိုလည်း စိုးကြောက်ရပြန်သည်၊ဟုတ်တယ် သူက လူအများရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ခံနိုင်ရည်ရှိနေပြီလို့ထင်ခဲ့မိပေမယ့် တကယ်တည်းမှာတော့ နောက်တစ်ကြိမ်ကြုံတွေ့ရမည်ကို ကြောက်လန့်မိသည်၊

ဆရာက ကျွန်​ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့ Tempat cerita menjadi hidup. Temukan sekarang